13မိနစ် 39စက္ကန့်

အစိမ်းရောင်ဆံပင်နဲ့ ဥယျာဉ်မှူး

ဘဝဇာတ်စုံအဖုံဖုံ

ထုတ်လွှင့်သည့်ရက် ဇွန်လ 1, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇွန်လ 1, 2022

မီးစ် Aoki Mariko ဆိုသူဟာ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း Yamagata ခရိုင်၊ Nagai မြို့က ငယ်ရွယ်တဲ့ ဥယျာဉ်မှူးတစ်ဦးပါ။ သူ့ဥယျာဉ်ထဲမှာ ရာသီနဲ့လိုက်အောင် ပြောင်းပြီး စိုက်ပျိုးထားတဲ့ လှပတဲ့ ပန်းမန် သစ်ပင် ရှုခင်းတွေနဲ့ လူအများအပြားရဲ့ စိတ်နှလုံးကို ချမ်းမြေ့စေပါတယ်။ လူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားလာဖို့အတွက် သူ့ရဲ့ ဥယျာဉ်ကို ဘယ်လို ဖန်တီးထားလဲ ဆိုတာနဲ့ သူ့ရဲ့ နေ့စဉ်နေထိုင်မှုဘဝအကြောင်းတွေကို ရှာဖွေ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ (၂၀၂၁ ခုနှစ် မေလ ၁၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo
မီးစ် Aoki Mariko ၂၀၁၈ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ အကြီးဆုံး ဥယျာဉ်ပြိုင်ပွဲတွေထဲက တစ်ခုမှာ အမြင့်ဆုံးဆု ရရှိပြီး နာမည်ကြီးလာခဲ့ပါတယ်။ မီးစ် Mariko ဟာ ဥယျာဉ်တွေ ဖန်တီးပေးဖို့ တစ်နှစ်ကို အလုပ်ကမ်းလှမ်းမှု ၁၀ ခုလောက် လက်ခံရရှိပါတယ်။
photo
သူ့ရဲ့ အားလပ်ချိန်တွေမှာတော့ သူ့ကိုယ်ပိုင်ဥယျာဉ်ထဲမှာ မမောနိုင် မပန်းနိုင် လက်တွေ့ စမ်းသပ်လေ့လာမှုတွေ လုပ်နေတတ်ပါတယ်။ သူ စမ်းသပ်လေ့လာတဲ့အရာတွေက အပင်တွေရဲ့ အမြစ်တွေ ဘယ်လို ပြန့်ပွားတယ် ဒါမှမဟုတ် အပင်တွေရဲ့ ပင်ကို စွမ်းရည်ကို ဘယ်လို ထုတ်ယူနိုင်မလဲဆိုတာတွေ ဖြစ်ပါတယ်။ သူ့ဥယျာဉ်ထဲမှာ ပျိုးပင် ၁၀၀၀ ကျော် စိုက်ပျိုးထားပါတယ်။
photo
သူဖန်တီးတဲ့ ဥယျာဉ်တွေက အသေးစားထိန်းသိမ်း ပြုပြင် ဖို့ပဲ လိုတယ်လို့ ကျော်ကြားပါတယ်။ အဓိကအချက်က သစ်ပင်တွေကို ရွေးချယ်ပြီး စိုက်ထားတာ ဖြစ်ပါတယ်။ သူရွေးချယ်တဲ့ အပင်တွေထဲက တစ်မျိုးကတော့ နှစ်ရှည်ပင်တွေ ဖြစ်ပါတယ်။ နှစ်ရှည်ပင်တွေဟာ အထူးဂရုစိုက် ပြုစုစရာ မလိုတဲ့အပြင် လူတွေရဲ့ အကူအညီလည်း မလိုဘဲ သူ့ဘာသာ နှစ်တိုင်း ပန်းတွေ ပွင့်ပါတယ်။

အစီအစဉ်မိတ်ဆက်