audio
နိုင်ငံခြားသားလူနာတွေအတွက် နေစရာ
ဘဝဇာတ်စုံအဖုံဖုံ
13မိနစ် 38စက္ကန့်

ထုတ်လွှင့်သည့်ရက် မေလ 4, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မေလ 4, 2022

တိုကျိုအရှေ့ပိုင်း၊ ချိဘခရိုင်၊ နာရီတာမြို့က ဆေးရုံတစ်ရုံမှာ နိုင်ငံခြားသားလူနာ အတော်များများ တက်ရောက်ကုသနေတဲ့ ဆေးရုံတစ်ရုံ ရှိပါတယ်။ ၂၀၁၉ခုနှစ်က အဲဒီဆေးရုံမှာ နိုင်ငံနဲ့နယ်မြေဒေသ ၅၀ကျော်က နိုင်ငံခြားသားလူနာ ၄၅၀၀ကို ဆေးကုသပေးခဲ့ပါတယ်။ လူနာအများစုမှာက ဂျပန်မှာ တရားမဝင် နေထိုင်တဲ့သူဖြစ်နေတာ၊ ဆေးရုံစရိတ် မပေးနိုင်တာ စတဲ့ ပြဿနာတွေ ရှိပါတယ်။ အဲဒီ လို နိုင်ငံခြားသားလူနာတွေအတွက် အဓိက ကြားခံဆက်သွယ်ပေးသူအဖြစ် လုပ်ကိုင်ပေးနေသူက Dr. Asaka Tomomi ဆိုသူ အမျိုးသမီးဖြစ်ပါတယ်။ သူက ရောဂါကုသဖို့ လိုအပ်နေသူတွေ ဆေးကုသမှုခံယူနိုင်အောင် သူတတ်နိုင်သမျှ အားလုံးလုပ်ပေးနေပါတယ်။ အခက်အခဲတွေ ရှိနေပေမဲ့လည်း ရှေ့ဆက်ဖို့ ကြိုးစားနေသူ Dr. Asaka Tomomi အကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်။ (၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo ဒေါက်တာ Asaka tomomi ဟာ စိုးရိမ်ပူပန်နေကြတဲ့ နိုင်ငံခြားသားလူနာတွေကို အားတက်သရော ကုသပေးနေပါတယ်။ သူ့ရဲ့ဆောင်ပုဒ်က "တကယ်လို့ ကျွန်မတို့ကမှ သူတို့ကိုဂရုစိုက် ကုသမပေးရင် ဘယ်သူက ဂရုစိုက်ပါမလဲ" ဖြစ်ပါတယ် ။ photo ဒေါက်တာ Tomomi ဟာ နိုင်ငံခြားသား လူနာတွေအတွက် အဓိကကြားခံ ဆက်သွယ် လုပ်ကိုင်ပေးနေသူ ဖြစ်ပါတယ်။ photo ဒေါက်တာ Tomomi က သူပြုစုကုသပေးနေတဲ့ လူနာတွေအနားမှာပဲ နေပေးချင်ပေမယ့်လည်း လက်တွေ့မှာတော့ အဲဒီရည်ရွယ်ချက် တစ်ခုနဲ့တော့ ကြမ်းတမ်းတဲ့ ဘဝ ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေရှိနေပါတယ်။