audio
ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို ကျော်လွှားသွားမယ်
ဘဝဇာတ်စုံအဖုံဖုံ
13မိနစ် 46စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇန်နဝါရီလ 5, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇန်နဝါရီလ 5, 2022

COVID-19 ရဲ့ ဂယက်ကို အကြီးအကျယ်ခံခဲ့ရတဲ့ စင်းလုံးငှား ဘတ်စ်ကားကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေရဲ့ အကြောင်းကို တင်ဆက်ပေးမှာပါ။ ကုမ္ပဏီရဲ့ အရာရှိတွေက ဝန်ထမ်းတချို့ကို အလုပ်က မထုတ်ပစ်ချင်ဘဲ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ကို ချပြီး ဖြုတ်ပစ်ခဲ့ရပါတယ်။ ကျန်တဲ့ဝန်ထမ်းတွေလည်း လစာ သိသိသာသာ လျော့သွားခဲ့ပြီး နေထိုင်ဖို့အတွက် အတော်ရုန်းကန် ကြိုးစားနေရပါတယ်။ ဘတ်စ်ကား ကုမ္ပဏီရဲ့ ၆ လတာ ရုန်းကန်လှုပ်ရှားမှုအကြောင်းတွေကို နားဆင်ကြရမှာပါ။
(၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo စင်းလုံးငှား ဘတ်စ်ကားကုမ္ပဏီက Fukuoka ခရိုင်မှာ ရုံးစိုက်ထားပါတယ်။ ကုမ္ပဏီ ဝင်ငွေရဲ့ ၄၀ ရာခိုင်နှုန်းလောက် ရရှိတဲ့ တရုတ်နိုင်ငံက ခရီးသွားအုပ်စုတွေက သူတို့ရဲ့ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပါတယ်။ photo ကုမ္ပဏီရဲ့ CEO Kaieda Tsukasa က တစ်ရက်ပြီး တစ်ရက် ဘဏ်တွေကို ဖုန်းဆက်ပြီး ရန်ပုံငွေရရှိရေး ကြိုးပမ်းနေရပါတယ်။ ဝန်ထမ်းတွေ သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ တစ်ဖက်တစ်လမ်းအနေနဲ့ အချိန်ပိုင်းအလုပ်တွေကို လုပ်ရင်း ကုမ္ပဏီမှာ ဆက်လုပ်နေရပါတယ်။ photo ကားမောင်းသူ မီးစ် Nakagawa Kaori က ရှုခင်းအလှကို ဘတ်စ်ကားနဲ့ လိုက်ကြည့်တဲ့ ခရီးစဉ်တွေ ကျဆင်းနေတာကို ကာမိစေဖို့အတွက် ကုမ္ပဏီအနေနဲ့ တခြား ဝန်ဆောင်မှုတွေ နဲ့ အလုပ် ဖြစ်နိုင်မလားဆိုတာကို ရှာဖွေနေပါတယ်။