13မိနစ် 40စက္ကန့်

ဂျပန်နိုင်ငံက ဘရာဇီး လူမျိုးတွေအတွက် အားထားရာ

ဘဝဇာတ်စုံအဖုံဖုံ

ထုတ်လွှင့်သည့်ရက် ဒီဇင်ဘာလ 1, 2020 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဒီဇင်ဘာလ 1, 2021

Shimane ခရိုင် Izumo မြို့မှာ နေထိုင်တဲ့ နိုင်ငံခြားသားအရေအတွက်ဟာ ကုန်ထုတ်လုပ်ဖို့ စက်ရုံတွေ တိုးချဲ့လာမှုနဲ့အတူ တစ်ရှိန်ထိုး များပြားလာပါတယ်။ ဒါပေမဲ့ အခုတော့ အမေရိကန်-တရုတ်ကုန်သွယ်ရေး အငြင်းပွားမှုတွေကြောင့် ငွေကြေးအကျပ်အတည်းတွေနဲ့ ရုန်းကန်နေရတဲ့သူတွေရဲ့ အရေအတွက် တိုးလာနေပါတယ်။ အဲဒီမြို့က နိုင်ငံခြားသားတွေဟာ ဒယ်ဒီကြီး လို့ အဓိပ္ပာယ်ရတဲ့ Paizão လို့ သူတို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အမျိုးသားတစ်ဦးအပေါ် မှီခိုနေကြရပါတယ်။ သူက ဂျပန်နွယ်ဖွား ဘရာဇီးလူမျိုးဖြစ်ပြီး ဂျပန်မှာနေတာ နှစ်ပေါင်း ၃၀ နီးပါး ရှိနေပါပြီ။ Paizão အကြောင်းနဲ့ သူ့ရဲ့ ဘရာဇီးနဲ့ ဂျပန်အကြား မှာ ခိုင်မာတဲ့ ချစ်ကြည်ရေး တံတားကို တည်ဆောက်ဖို့ ကြိုးပမ်းချက်တွေ အကြောင်းကို နားဆင်ကြရပါမယ်။
(၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်။)

photo
ဒယ်ဒီကြီး လို့ခေါ်ကြတဲ့ Takinami Sergio (ယာ)
photo
Paizão ဟာ ဘရာဇီးစားသောက်ဆိုင်နဲ့ NPO အဖွဲ့အစည်းတစ်ခု ထူထောင်ထားပြီး ဘရာဇီးလူမျိုး သူငယ်ချင်းတွေကို ထောက်ပံ့ကူညီနေပြီး သူတို့တွေနဲ့ ဒေသခံ ဂျပန်လူမျိုးတွေကြား နားလည်မှု အပြန်အလှန် ပိုမိုရရှိအောင် သူ့ဘဝတစ်ခုလုံးကို မြှုပ်နှံထားပါတယ်။
photo
Yendo Fabio ရဲ့ မိသားစုဟာ စက်ရုံကနေ အလုပ်ပြုတ်သွားပြီး အလုပ်ရှာဖို့ လိုအပ်နေပါတယ်။ သူတို့တွေဟာ လွန်ခဲ့တဲ့ ၄ နှစ်က Izumo မြို့ကို ပြောင်းလာခဲ့ပြီး ဒီမြို့မှာပဲ ဆက်ပြီး နေထိုင်သွားချင်တယ်လို့ စိတ်ကူးထားပါတယ်။
photo
၆ လလောက်ကြာအောင် အလုပ်ရှာလို့မရတဲ့အတွက် Yendo Fabio ဟာ ဂျပန်ကနေ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Paizão ဟာ မိသားစု ၁၀ စု ကျော် အခုလို ထွက်ခွာသွားတာကို မြင်ခဲ့ရပါပြီ။

အစီအစဉ်မိတ်ဆက်