
ထုတ်လွှင့်သည့်ရက် နိုဝင်ဘာလ 3, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် နိုဝင်ဘာလ 3, 2021
Ehime ခရိုင်မှာရှိတဲ့ Yawatahama မြို့ဟာ ဆိပ်ကမ်းမြို့လေးဖြစ်ပြီး လူဦးရေ ၃၅,၀၀၀ ရှိပါတယ်။ အဲဒီမြို့လေးမှာ ၁၉၂၆ ခုနှစ်ကတည်းက ထူထောင်ခဲ့ပြီး ရာစုနှစ်နီးပါးထုတ်ဝေလာခဲ့တဲ့ Yawatahama Shimbun သတင်းစာ ဆိုတဲ့ ကိုယ်ပိုင်သတင်းစာ ရှိပါတယ်။ အဲဒီသတင်းစာကို တာဝန်ယူ ထုတ်ဝေနေခဲ့တာက အသက် ၅၉ နှစ်အရွယ် မစ္စတာ Matsui Kazuhiro နဲ့ အသက် ၆၀ အရွယ် မီးစ် Junko တို့ ဇနီးမောင်နှံတို့ ဖြစ်ပါတယ်။ မြို့က ဒေသခံတွေက ဒီသတင်းစာရဲ့ ဆောင်းပါးတွေကို နှစ်သက်ကြပေမယ့် သူတို့ဇနီးမောင်နှံဟာ အခုတော့ နှစ်ပေါင်းများစွာ သမိုင်းရှိခဲ့တဲ့ ဒီသတင်းစာထုတ်ဝေမှုကို အဆုံးသတ်ဖို့ ဆုံးဖြတ် လိုက်ကြပါပြီ။ ဒီအစီအစဉ်ကနေ သမိုင်းရှည်ကြာခဲ့တဲ့ အသေးစားသတင်းစာကုမ္ပဏီတစ်ခုရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်းကို ၁ လတာ သတင်းယူပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)


