audio
ဟီရိုရှီးမား-အဏုမြူဗုံး ပန်းချီကားများ
ဘဝဇာတ်စုံအဖုံဖုံ
13မိနစ် 44စက္ကန့်

ထုတ်လွှင့်သည့်ရက် စက်တင်ဘာလ 29, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် စက်တင်ဘာလ 29, 2021

လူတွေရဲ့ ဘဝဇာတ်လမ်းအမျိုးမျိုးကို ပုံဖော်ထားတဲ့ ဘဝဇာတ်စုံ အဖုံဖုံ အစီအစဉ်ပါ။ ဂျပန်နိုင်ငံတစ်ဝန်းက လူတွေရဲ့ ဘဝဇာတ်ကြောင်းတွေကို တင်ဆက်ပေးနေပါတယ်။ ကောင်းကင်တစ်ခုလုံး မီးတောက်တွေ လျှံတက်နေပြီး လမ်းပေါ်မှာလည်း စွန့်ပစ်ထားတဲ့ လူသေအလောင်း တစ်လောင်း ကို မြင်ရပါတယ်။ ဒီလို စိတ်မကောင်းစရာပုံရိပ်တွေကတော့ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က ဟီရိုရှီးမားမြို့မှာ အဏုမြူဗုံးကြဲချခံခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူတွေ မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ဖန်တီးထားတာပါ။ "ဟီဘကုရှ" လို့ခေါ်တဲ့ ဗုံးဒဏ်ကနေ အသက်ရှင်လွတ်မြောက်လာသူတွေဟာ သူတို့ရဲ့ အတွေ့အကြုံတွေကို မေ့မသွားအောင် ပန်းချီဆွဲတဲ့ ပတ္တူစပေါ်မှာ မှတ်တမ်းတင် တဲ့ အလုပ်ကို ဒေသန္တရ အထက်တန်းကျောင်းက ကျောင်းသူကျောင်းသားတွေနဲ့အတူတွဲပြီး ၁၀စုနှစ် တစ်ခု ကြာအောင် ရေးဆွဲခဲ့ကြပါတယ်။ ဒီကနေ့အချိန်အထိ ရေးဆွဲပြီးစီးသွားတဲ့ "အဏုမြူဗုံး ပန်းချီကားများ" လို့ခေါ်တဲ့ ပန်းချီကား ၁၃၇ ကား မှာ ဗုံးဒဏ်ကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ဆိုင်ရာတွေပါ ထိခိုက်ခဲ့ရတာကိုမှတ်တမ်းတင်ထားတဲ့ အဖိုး မဖြတ်နိုင်တဲ့ တကယ်မြင်ကွင်းအစစ်တွေပါ။ ဒီပန်းချီကားတွေကြောင့် တချို့ ဟီဘကုရှတွေဟာ သူတို့ရဲ့စိတ်ဒဏ်ရာတွေ ကို ရင်ဆိုင်ကုစားပြီး သက်သာနိုင်စေခဲ့ပါတယ်။ ပြီးတော့ ဒီပန်းချီကားတွေဟာ ကြမ္မာဆိုးတွေ ကြုံတွေ့ရတဲ့ နေ့ရက်တွေရဲ့ အမှန်တရားတွေကို အလွယ်တကူ လက်ဆင့်ကမ်းပေး နိုင်တဲ့ မှတ်တမ်းတွေလည်း ဖြစ်ပါတယ်။
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo photo ဟီဘကုရှာတွေက သူတို့ ဗုံးကြဲခံခဲ့ရတဲ့အချိန်က အတွေ့အကြုံတွေကို အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေကို ပြောပြရင်း ပန်းချီကားတွေပေါ်မှာ မှတ်တမ်းတင်နေတာ ဖြစ်ပါတယ်။ photo ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဟီဘကုရှတွေ မှတ်သားထားတဲ့ အကြောင်းအရာတွေကို သရုပ်ဖော်တာဟာ အတွေ့အကြုံတွေကို ပြန်လည်ခံစားကြည့်ဖို့ လည်း ဖြစ်စေပါတယ်။