audio
အိပ်မက်ကို ပြန်လည်ခံစားခြင်း
ဘဝဇာတ်စုံအဖုံဖုံ
13မိနစ် 48စက္ကန့်

ထုတ်လွှင့်သည့်ရက် ဖေဖေါ်ဝါရီလ 23, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဖေဖေါ်ဝါရီလ 23, 2022

လူတွေအကြောင်း ဘဝတွေအကြောင်း အစီအစဉ်ကနေ ဂျပန်နိုင်ငံတစ်ဝန်းက လူတွေရဲ့ ဘဝအတွေ့အကြုံတွေကို တင်ဆက်ပေးနေပါတယ်။ ဒီတစ်ပတ်တော့ ဂျပန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အိုးမာ့ ဆိုတဲ့အရပ်မှာ စျေးကောင်းရတဲ့ဆူးတောင်ပြာတူနာငါး ဖမ်းဆီးရမိဖို့ ဝါရင့်ငါးဖမ်းသမားတွေရဲ့ အပြိုင်အဆိုင် ကြိုးပမ်းမှုတွေကို တင်ဆက်သွားမှာပါ။ အိုးမာ့မြို့လေးဟာ အိုးမာ့မာဂုရိုး လို့ နာမည်ကျော်တဲ့ ထိပ်တန်းတူနာငါးအမျိုးအစားကို ဖမ်းဆီးရမိတဲ့နေရာအဖြစ် လူသိများပါတယ်။ အသက် ၅၇ နှစ်အရွယ် အတွေ့အကြုံ နုနယ်သေးတဲ့ငါးဖမ်းသမားတစ်ဦးဟာ လွန်ခဲ့တဲ့ ၄ နှစ်က ဂျပန်အနောက်ပိုင်းကနေ အဲဒီကို ရောက်လာခဲ့ပါတယ်။ အခုတော့ သူ့ရဲ့သမီးတွေဟာလည်း အရွယ်ရောက်လာကြပြီဆိုတော့ တူနာငါးဖမ်းသမားဖြစ်ချင်တဲ့ အိပ်မက်ကို ဖော်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကီလိုဂရမ် ၁၀၀ ကျော်ရှိတဲ့ ဆူးတောင်ပြာတူနာငါးကို ဖမ်းမိဖို့ ဘယ်နေရာမှာ ဘယ်လိုဖမ်းမလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ခဲ့ပါတယ်။ လှိုင်းလေကြမ်းတမ်းလှတဲ့ မြောက်ဘက်ပိုင်းက ပင်လယ်ပြင်မှာ ရုန်းကန်ခဲ့တဲ့သူ့ရဲ့ခရီးအကြောင်း နားဆင်ရပါမယ်။
(၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo အသက် ၅၇ နှစ်အရွယ် အတွေ့အကြုံနုနယ်သေးတဲ့ ငါးဖမ်းသမား စာကာမိုတို မာ့စာ့အိုကိ photo အသက် ၅၀ အရွယ်က သူ့ရဲ့အတိတ်အိပ်မက်ကို လက်တွေ့ဖော်ဆောင်ဖို့ စာကာမိုတို မာ့စာအိုကိ ဟာ ဆူးတောင်ပြာတူနာငါးဖမ်းရာသီမှာ အိုးမာ့မြို့ကို ရောက်လာပြီး စျေးကောင်းရတဲ့ငါးကို ဖမ်းဆီးရမိဖို့ မျှော်လင့်ချက်နဲ့ ပင်လယ်ပြင်ကို ထွက်ခွာခဲ့ပါတယ်။ photo အာအိုမိုရိခရိုင် အိုးမာ့မှာ ဖမ်းဆီးရမိတဲ့ ဆူးတောင်ပြာတူနာငါးဟာ အရည်အသွေးအကောင်းဆုံးလို့ သတ်မှတ်ခံရပြီး တစ်ခါတလေမှာ ငါးတစ်ကောင်စျေးဟာ အမေရိကန်ဒေါ်လာ ၄၅၀၀၀ အထိ ရှိတတ်ပါတယ်။