
ထုတ်လွှင့်သည့်ရက် ဖေဖေါ်ဝါရီလ 2, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဖေဖေါ်ဝါရီလ 2, 2022
ဘဝဇာတ်စုံ အဖုံဖုံ အစီအစဉ်ကနေ ဂျပန်နိုင်ငံအနှံ့ရှိ နယ်ပယ်အသီးသီးက အတွေ့အကြုံမျိုးစုံကြွယ်ဝတဲ့သူတွေရဲ့ ဘဝတွေအကြောင်းကို တင်ဆက်ပေးနေရာမှာ ဒီနေ့တော့ ဂျပန်နိုင်ငံအနောက်ပိုင်းက ရှေးဟောင်းမြို့တော် နာရာ က ဂေးကို အကြောင်း နားဆင်ရမှာပါ။ နာရာအပါအဝင် ကန်ဆိုင်းဒေသမှာ ဂေးရှာမယ်တွေကို ဂေးကို လို့ ခေါ်ကြပါတယ်။ သူတို့ တတွေဟာ ရိုးရာတေးသီချင်း အက နဲ့ ရှာမိစဲန်း လို့ခေါ်တဲ့ ကြိုးသုံးချောင်းတပ်တူရိယာကို တီးခတ်ကာ ဧည့်သည်တွေကို ဖျော်ဖြေတဲ့အလုပ်ကို လုပ်ကြတဲ့ အမျိုးသမီးတွေပါ။ အဲဒီရိုးရာအစဉ်အလာ ဆက်လက်ရှင်သန်ရေးအတွက် အနာဂတ်မျိုးဆက်ဆီ လွှဲပြောင်းပေးဖို့ ကြိုးပမ်းနေတဲ့ နာရာ က ဂေးကိုတစ်ယောက်ဖြစ်တဲ့ ခိခုနို ရဲ့ ဘဝအကြောင်း တစ်စေ့တစ်စောင်းကို နားဆင်ရမှာပါ။
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)


