
13မိနစ် 22စက္ကန့်
စာရေးဆရာမ Chimamanda Ngozi Adichie ဟာ အမေရိကန်ပြည်ထောင်စုရဲ့ National Book Critics Circle Award ကို ရရှိခဲ့တဲ့ ပထမဦးဆုံး အာဖရိက စာရေးဆရာဖြစ်ပါတယ်။ သူက ကျားမခွဲခြားဆက်ဆံမှုနဲ့ ရွှေ့ပြောင်းနေထိုင်သူများပြဿနာတွေအကြောင်း ဝတ္တုတို နဲ့ ဆောင်းပါးတွေ ရေးပါတယ်။ လူမှုအဖွဲ့အစည်းရဲ့ နူးညံ့ခါးသက်တဲ့ အကြောင်း အရာတွေကို ပုံဖေါ်တင်ပြနိုင်တဲ့ သူ့အရေးအသားတွေကြောင့် ကမ္ဘာ့ အတွေးအမြင်ခေါင်းဆောင်တစ်ဦးအနေနဲ့ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။ လူသားဆန်တဲ့ စိတ်ဓာတ်တွေ ရှိလာဖို့ လူတွေဟာ ပုံပြင်တွေနဲ့ ကဗျာတွေကို ပိုပြီးဖတ်ရှုလေ့လာသင့်တယ်လို့ ဆိုတဲ့ နာမည်ကြီးအမျိုးသမီးစာရေးဆရာမနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို နားဆင်ကြည့်ပါ။ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
