
အမေရိကန်ပြည်ထောင်စုမှာ ကပ်ရောဂါကြီးဖြစ်ပွားနေတဲ့အတွင်း အမေရိကားမှာရှိတဲ့ အာရှနွယ်ဖွားနဲ့ ပစိဖိတ်ကျွန်းနိုင်ငံဖွားတွေကို မုန်းတီးမှုကြောင့် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ တစ်ဟုန်ထိုး မြင့်တက်လာတာကို တိုက်ဖျက်ဖို့ Stop AAPI Hate အဖွဲ့အစည်းကို ၂၀၂၀ပြည့်နှစ်မှာ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအဖွဲ့အစည်းကနေ လူမျိုးစုတွေအပေါ် အမုန်းပွားတဲ့ဖြစ်ရပ်တွေရဲ့ အချက်အလက်တွေကို စုဆောင်းတာနဲ့ အစီရင်ခံတာတွေကို တက်တက်ကြွကြွ လုပ်ဆောင်ပေးနေပြီး တစ်ခါတစ်ရံ ဖုံးဖိခံထားရတဲ့ အမှုတွေကို ပေါ်လွင်လာအောင် ဖော်ထုတ်ပေးပါတယ်။ အဲဒီလို ရာဇဝတ်မှုတွေနဲ့ အနာဂတ်အတွက် လိုအပ်တဲ့ စီမံဆောင်ရွက်ချက်တွေလိုမျိုး လတ်တလော လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ဒီအဖွဲ့အစည်းကို တည်ထောင်သူ မီးစ် Cynthia Choi နဲ့ မေးမြန်းထားတာကို နားဆင်ရမှာပါ။ (၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
