
13မိနစ် 36စက္ကန့်
ကမ္ဘာပေါ်က လူပေါင်း ၂ဘီလီယံဟာ သန့်ရှင်းတဲ့ အိမ်သာတွေနဲ့ မိလ္လာစွန့်ထုတ်စနစ် မရှိဘဲ နေနေကြရ တယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အိမ်သာတွေ နည်းပါးတာကြောင့် ရောဂါတွေဖြစ်ပြီး ရေထုညစ်ညမ်းမှုကို ဖြစ်ပွားစေတဲ့အပြင် ၊ အမျိုးသမီးတွေကို အရှက်ရအောင်လုပ်တာမျိုးနဲ့ ထိပါးနှောင့်ယှက်တာမျိုး စတဲ့အန္တရာယ်တွေကိုတောင် ဖြစ်စေနေပါတယ်။ စင်္ကာပူနိုင်ငံသား လူမှုရေးရာ စွန့်ဦးတီထွင်လုပ်ငန်းရှင်လည်းဖြစ်သူ Jack Sim ဟာ ကမ္ဘာ့အိမ်သာအဖွဲ့အစည်းကို တည်ထောင်ပြီး လူမှု့အသိုက်အဝန်းနဲ့ မကိုက်ညီဘဲ စိန်ခေါ်မှုတစ်ခုလည်းဖြစ်နေတဲ့ ပြည်သူ့ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးပမ်းနေတာတွေကို ဒီအစီအစဉ်မှာ နားဆင်ရပါမယ်။ (၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
