
13မိနစ် 39စက္ကန့်
မီးစ် Olga Reiche ဟာ Guatemalan အခြေစိုက် ရိုးရာနည်းလမ်းနဲ့ အဝတ်အထည်ဆေးဆိုးပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အထည်အလိပ် ရက်လုပ်တဲ့ ယဉ်ကျေးမှု ထွန်းကားတဲ့ အဲဒီနိုင်ငံမှာ သူဟာ ကျေးလက်ဒေသတွေမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ရိုးရာဆေးဆိုးနည်းတွေကို စူးစမ်းရှာဖွေ လုပ်ကိုင်ရင်း Guatemalan ပြည်တွင်းနဲ့ ပြည်ပမှာ အထည်အလိပ်တွေကို ရောင်းရအောင် လုပ်ငန်းကို မြှင့်တင်နေပါတယ်။ ပြည်တွင်းစစ်တင်မကဘဲ သဘာဝဘေးအန္တရာယ်တွေလိုမျိုး အခက်အခဲအမျိုးမျိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ Guatemalan မှာ အထည်အလိပ်လုပ်ငန်း ယဉ်ကျေးမှုကို သူ ဘယ်လို ထိန်းသိမ်းထားသလဲဆိုတာကို ဒီအစီအစဉ်ကနေ နားဆင်ကြရမှာ ဖြစ်ပါတယ်။ (၂၀၂၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
