13မိနစ် 00စက္ကန့်

ဂျပန်မှာနေထိုင်တဲ့ နိုင်ငံစုံ လိင်တူ ချစ်သူစုံတွဲများ

ယှက်နွှယ်နေသော ယဉ်ကျေးမှုများ

ထုတ်လွှင့်သည့်ရက် မတ်လ 23, 2022 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 23, 2023

ဂျပန်နိုင်ငံမှာ ဂျပန်လူမျိုးနဲ့တခြားနိုင်ငံသား လိင်တူစုံတွဲတွေ နေထိုင်နေကြပါတယ်။ သူတို့ဟာ ပြည်ပနိုင်ငံတွေမှာ လက်ထပ်လာခဲ့ကြတာဖြစ်ပါတယ်။ ဂျပန်မှာက လိင်တူအချင်းချင်း လက်ထပ်ခွင့်မပြုထားတာကြောင့် သူတို့ဟာ အမျိုးသားနဲ့အမျိုးသမီး စုံတွဲတွေလို ရပိုင်ခွင့်နဲ့ အကျိုးကျေးဇူး အာမခံချက်မရှိတဲ့ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။
ဂျပန်မှာနေထိုင်နေတဲ့ လိင်တူစုံတွဲ နှစ်ဦးရဲ့ လက်ရှိအနေအထားနဲ့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်ပြီး နားဆင်ကြည့်ရအောင်။

photo
ဂျပန်မှာ ၁၀ နှစ်ကျော်ကြာ အတူနေထိုင်နေတဲ့ Sakata Machi (ညာ) နဲ့ Theresa Stieger (ဘယ်)
photo
photo
Komori Shunsuke (ဘယ်) နဲ့ သူ့ရဲ့ခင်ပွန်း Danny Taing (ညာ) တို့ဟာ ဂျပန်နိုင်ငံရဲ့ ပြည်၀င်ခွင့်ကန့်သတ်ချက်တွေကြောင့် တစ်နှစ်ကျော်ကြာ ကွဲကွာနေခဲ့ပါတယ်။
photo
ရှေ့နေ Nagano Yasushi က ဂျပန်နိုင်ငံက လိင်တူချစ်သူစုံတွဲတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအပေါ် လူတွေရဲ့အာရုံစိုက်မှုက မရှိသလောက်နည်းတယ် ပြောကြားခဲ့ပါတယ်။

အစီအစဉ်မိတ်ဆက်