
14မိနစ် 52စက္ကန့်
Peru နိုင်ငံဖွား စွန့်ဦးတည်ထွင်လုပ်ငန်းရှင် မစ္စတာ Okamura Albert ဟာ တိုကျိုဒေသ လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှု ဗျူရိုမှာ အလုပ်လုပ်ခဲ့တဲ့ သူပါ။ သူ့ရဲ့ ထူးခြားတဲ့ ဘဝအတွေ့အကြုံတွေကို အသုံးချပြီး ဂျပန်နိုင်ငံမှာနေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပံ့ပိုးကူညီချင်တာကြောင့် နေထိုင်ခွင့် ဗီဇာရယူတာလိုမျိုး ဂျပန်မှာ နေထိုင်တဲ့အခါ လုပ်ရတဲ့ လုပ်ထုံးလုပ်နည်း ရှုပ်ရှုပ်ထွေးထွေး တွေနဲ့ ပတ်သက်ပြီး အကူအညီပေးတဲ့ ကုမ္ပဏီတစ်ခုကို သူ တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ ရေရှည်ရည်မှန်းချက်က လူမျိုးဘာသာမရွေး အတူနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ မစ္စတာ Okamura Albert ကြိုးပမ်း လုပ်ဆောင်နေတာတွေကို နားဆင်ကြည့်ရအောင်။ (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)


