
11မိနစ် 05စက္ကန့်
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းခဲ့ပြီး နောက်အရပ်သားတွေကို နှိမ်နင်းခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။ ဒီအတောအတွင်း မေလက ဂျပန်နိုင်ငံမှာ နိုင်ငံတကာ ဘောလုံးပွဲတစ်ပွဲ ကျင်းပခဲ့တာမှာ မြန်မာ့လက်ရွေးစင် ဘောလုံးသမားတစ်ဦးလည်း လာရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ သူက ဘောလုံးပွဲမှာ စစ်တပ်ကို ဆန့်ကျင်တဲ့ အနေနဲ့ လက်သုံးချောင်းထောင်ပြီး သူ့ ဆန္ဒကို ထုတ်ပြခဲ့ပါတယ်။ စိတ်ထဲမှာ ဒွိဟအတွေးများစွာ ဖြစ်နေတဲ့ သူဟာ ဘောလုံးပွဲအပြီးမှာ ဂျပန်မှာ ဒုက္ခသည်အဖြစ် ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဘောလုံးသမားရဲ့ ဇာတ်လမ်းကို နားဆင်ကြည့်ကြရအောင်။ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



