audio
နယ်နိမိတ်ကျော်ကာ ပန်းတွေ ပွင့်ပါမယ်
ယှက်နွှယ်နေသော ယဉ်ကျေးမှုများ
14မိနစ် 55စက္ကန့်

ထုတ်လွှင့်သည့်ရက် မတ်လ 25, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 25, 2022

၂၀၁၁ ခုနှစ် ဂျပန်အရှေ့ပိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းမှာ ဒီငလျင်ကြောင့် ဘေးဒဏ်သင့်ခဲ့တဲ့ သူတွေကို အားပေးဖို့ "ပန်းတွေ ပွင့်တော့မယ်" ဆိုတဲ့ သီချင်းကို ဖန်တီးခဲ့ပါတယ်။ ၁၀ နှစ်ကြာ ပြီးနောက်မှာ အခုဆိုရင် ဒီသီချင်းကို May J., Ono Lisa နဲ့ Morisaki Win တို့လို အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုနဲ့အတူ ဘာသာစကား ၁၁ မျိုးနဲ့ ပြန်လည်မွေးဖွားလာခဲ့ပါတယ်။ ဒီသီချင်း စတင်ဖြစ်ပေါ်လာတဲ့ နောက်ကွယ်က အကြောင်းနဲ့ အဲဒီ ငလျင်ကြီး ကျရောက်ခဲ့တဲ့ ဒေသက ဒီကနေ့ခေတ် အခြေအနေကို ဒီအစီအစဉ်ကနေ လေ့လာကြရပါမယ်။ (၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo "ပန်းတွေ ပွင့်တော့မယ်" သီချင်းကို သီဆိုခဲ့ကြတဲ့ အနုပညာရှင် ၁၁ ဦး photo Minamisanriku မှာ နေထိုင်တဲ့ တရုတ်အမျိုးသမီးတစ်ဦး ငလျင်ကြောင့် ပျက်စီးသွားခဲ့တဲ့ အဆောက်အအုံတစ်ခုကို သွားရောက်စဉ် photo ကမ္ဘာတစ်ဝန်းမှ ရရှိခဲ့တဲ့ ပန်းပွင့် ဓာတ်ပုံများ