13မိနစ် 11စက္ကန့်

ဂီဖု ကို အရောင်တွေနဲ့ အလှခြယ်မယ်

ဒီမြေ ဒီရေ ဇာတိမြေ

ထုတ်လွှင့်သည့်ရက် မတ်လ 22, 2022 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 22, 2023

ဒီတစ်ကြိမ် အစီအစဉ်မှာတော့ ဂျာမနီနိုင်ငံက သိုးမွေးထိုး ကျွမ်းကျင်ပညာရှင် Bernd Kestler နဲ့ မိတ်ဆက်ပေးမှာပါ။ ဆန်းသစ်တဲ့ ဒီဇိုင်း၊ ထူးခြားလှပတဲ့ အရောင်စပ် ကျွမ်းကျင်မှုတွေကြောင့် သူ့ရဲ့ လက်ရာတွေကို လူကြိုက်များလာပြီး စာအုပ် ၉ အုပ် ထုတ်ဝေနိုင်တဲ့အထိ အောင်မြင်နေပါတယ်။ Gifu ခရိုင်ရဲ့ သဘာဝအလှတွေကို ချစ်မြတ်နိုးသူ တစ်ဦးဖြစ်တဲ့ မစ္စတာ Koestler ရဲ့ Gifu အသက်ဝင်လှုပ်ရှားနေစေဖို့ ကြိုးပမ်းမှုတွေကို နားဆင်ကြည့်ရအောင်။

photo
မစ္စတာ Bernd Kestler ဟာ သိုးမွေးထိုးကျွမ်းကျင်သူ အစ်မဖြစ်သူကြောင့် ဒီအတတ်ပညာကို စိတ်ဝင်စားလာခဲ့ပြီး အသက် ၁၂ နှစ်မှာ သိုးမွေးထိုးသင်ယူခဲ့ပါတယ်။
photo
မစ္စတာ Kestler ရဲ့ လက်ရာတွေထဲက တစ်ခု။ သူက သမားရိုးကျ သိုးမွေးထိုးတာထက် အသစ်အဆန်းတွေ ချပြနိုင်ဖို့ အမြဲကြိုးပမ်းနေတတ်သူပါ။
photo
မစ္စတာ Kestler ဟာ မော်တော်ဆိုင်ကယ်တစ်စီးနဲ့ Gifu ခရိုင်ရဲ့ နေရာအနှံ့အပြားကို သွားပြီး သူမြတ်နိုးတဲ့ သဘာဝရှုခင်းထဲက အရောင်တစ်ခုခုကို သူ့လက်ရာသစ်ဖန်တီးဖို့အတွက် ရွေးချယ်လေ့ရှိပါတယ်။
photo
သူဟာ ဆိုးဆေးအလုပ်ရုံတစ်ခုကို သုံးပြီး သဘာဝရဲ့အရောင်တွေနဲ့တူတဲ့ သိုးမွှေးချည်တွေ ထုတ်လုပ်မှု စတင်ခဲ့ပါတယ်။

အစီအစဉ်မိတ်ဆက်