
13မိနစ် 35စက္ကန့်
ဒီတစ်ကြိမ်မှာတော့ Cuba နိုင်ငံက လာတဲ့ မစ္စတာ Maurice Torralba ရဲ့ ဘဝဇာတ်ကြောင်းကို နားဆင်ရပါမယ်။ သူက ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက Miyazaki ခရိုင် Miyakonojo မြို့ က အထက်တန်းကျောင်းတစ်ကျောင်းမှာ PE အားကစားနည်းပြဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ မစ္စတာ Maurice ဟာ Cuba မှာတုန်းက အလားအလာကောင်းတဲ့ ဘောလီဘောကစားသမား တစ်ဦး ဖြစ်ခဲ့ပေမဲ့ အူကျွံတဲ့ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာကြောင့် အရွယ်ငယ်သေးတဲ့အချိန်မှာဘဲ ဘောလီဘောကစားသမားဘဝကို စွန့်လွှတ်ခဲ့ရပါတယ်။ အဲဒီနောက် ဂျပန်အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ပြီး အခု သူ့ရဲ့ ဒုတိယအိမ် ဖြစ်တဲ့ ဂျပန်နိုင်ငံမှာ အိပ်မက်သစ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ (၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)


