13မိနစ် 30စက္ကန့်

ကျိုတို မြို့နဲ့ လိုက်ဖက်ညီအောင် ချက်ထားတဲ့ ဘီယာ

ဒီမြေ ဒီရေ ဇာတိမြေ

ထုတ်လွှင့်သည့်ရက် ဖေဖေါ်ဝါရီလ 8, 2022 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဖေဖေါ်ဝါရီလ 8, 2023

ကျိုတိုမြို့ဟာ ဂျပန့်ရိုးရာယဉ်ကျေးမှုတွေရဲ့ ပြရုဂ် မြို့တော်ဟောင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီမြို့မှာ ကျိုတိုကို နှစ်သက်သဘောကျတဲ့ နိုင်ငံခြားသား ၃ဦးက ဖွင့်လှစ်ထားတဲ့ craft beer လို့ခေါ်တဲ့ လက်ချက်ဘီယာ စက်ရုံတစ်ခု ရှိပါတယ်။ လုပ်ငန်းဟာ အစောပိုင်းမှာ သွက်လက် အဆင်ပြေခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံလိုက်ရပါတယ်။ အခုလို ခက်ခဲတဲ့အခြေအနေတွေမှာတောင် ကျိုတိုမှာချက်တဲ့ ဘီယာရဲ့ စံနှုန်းတွေနဲ့အညီထုတ်လုပ်နိုင်ဖို့ သူတို့ ၃ဦးရဲ့ ကြိုးပမ်းအားထုတ်နေပုံတွေကို ဒီအစီအစဉ်ကနေ နားဆင်ကြည့်ကြရအောင်။ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo
အမေရိကန်ကလာတဲ့ မစ္စတာ Chris Hainge ဟာ ကျိုတိုမှာနေချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်မဖော်ခင်က Aomori ခရိုင်က ကျောင်းတစ်ကျောင်းမှာ English စာသင်ပေးတဲ့ ဆရာလုပ် ခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ သူငယ်ချင်းတွေနဲ့အတူ လက်ချက် ဘီယာ အလုပ်ရုံကို စ ဖွင့်လှစ်ခဲ့ပါတယ်။
photo
ဒီဘီယာချက်စက်ရုံကထုတ်တဲ့ craft ဘီယာဟာ မူလ ပစ္စည်းရဲ့ အနံ့အရသာနဲ့ပြည့်စုံလို့ လူကြိုက်များခဲ့ပေမဲ့ COVID-19 ကူးစက်မှုတွေ ဖြစ်ပွားပြီး ကန့်သတ်ချက်တွေကြောင့် သူတို့ရဲ့ဖောက်သည် စားသောက်ဆိုင်တွေနဲ့ ဘားတွေရဲ့ မှာယူမှုက ၉၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။
photo
သူတို့ ၃ဦးဟာ ဒေသတွင်းမှာ စိုက်ပျိုးတဲ့ (Hops) ဗျစ်ပန်းခြောက်တွေကိုသုံးပြီး တစ်မူထူးခြားတဲ့ ကျိုတို က ဘီယာစစ်စစ်ကို ချက်ဖို့ ရည်မှန်း ကြိုးစားလာခဲ့ကြပါတယ်။
photo
ကပ်ရောဂါကြားမှာ စီးပွားရေး မကောင်းလို့ ကြိုးစားရုန်းကန်ရင်း၊ ကျိုတိုခရိုင် မြောက်ပိုင်းက Yosano မြို့မှာ စိုက်ပျိုးတဲ့ (Hops)ဗျစ်ပန်းခြောက်တွေနဲ့ ဘီယာ ချက်လုပ်အောင်မြင်ခဲ့ပါတယ်။

အစီအစဉ်မိတ်ဆက်