13မိနစ် 30စက္ကန့်

သစ်ပင်ပန်းမန်ကအရောင်တွေသုံးပြီး ဖန်တီးထားတဲ့ အိုးခွက်ပန်းကန်

ဒီမြေ ဒီရေ ဇာတိမြေ

ထုတ်လွှင့်သည့်ရက် ဇန်နဝါရီလ 11, 2022 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇန်နဝါရီလ 11, 2023

Nagano ခရိုင် တောင်စောင်းပေါ်မှာ တွယ်ကပ်နေသလို တည်ဆောက်ထားတဲ့ ရွာငယ်လေး Naniai ။ ဒီရွာလေးရဲ့ သဘာဝအလှတွေကို နှစ်သက်သဘောကျလို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ဒီနေရာကို ပြောင်းရွှေ့လာတဲ့ ဗြိတိန်နိုင်ငံဖွား အိုးခွက်ပန်းကန်တွေ ဖန်တီးသူ Adam Smith ဆိုသူရှိပါတယ်။ ဒီပတ်ဝန်းကျင် အသိုက်အဝန်းလေးနဲ့ လက်တွဲပြီး မစ္စတာ Adam ဘယ်လို ခြေလှမ်းသစ်တစ်ခု စတင်ခဲ့သလဲ။ ဂျပန်က သူ့ရဲ့ ဘဝအကြောင်းကို လေ့လာကြည့်ကြရအောင်။ (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo
မစ္စတာ Adam Smith ဟာ အိုးခွက်ပန်းကန်တွေကို ဖန်တီးသူတစ်ဦး ဖြစ်ပါတယ်။ ဂျပန်ကို ရောက်လာတော့ သဘာဝ မြက်ပင်တွေ၊ သစ်ပင်တွေနဲ့ မြေဆီလွှာကနေ ပြုလုပ်ထားတဲ့ သဘာဝသစ်ပင်ပန်းမန်တွေကနေထုတ်တဲ့ အရောင် ဆိုးဆေးရည်တွေက သူ့ရဲ့စိတ်ကိုဖမ်းစားခဲ့ပါတယ်။
photo
မစ္စတာ Adam ပြုလုပ်ထားတဲ့ မြေထည်ပစ္စည်းတွေပါ။ ဒေသခံတွေက Naniai မှာ ပေါက်တဲ့ သစ်ပင်ပန်းမန်တွေကို အရောင်အသွေးတွေထုတ်ပြီး ဆိုးဆေးရည်တွေပြုလုပ် အသုံးပြုပါတယ်။
photo
ဒေသခံ စပျစ်ခြံပိုင်ရှင်တစ်ဦးရဲ့ ကမ်းလှမ်းမှုကြောင့် စပျစ်နွယ်တွေနဲ့လုပ်တဲ့ သဘာဝအရောင်ကို ဆိုးဆေးအရည်လုပ်ပြီး ဝိုင်ခွက်တွေမှာ သုတ်လိမ်းပါတယ်။
photo
ဝိုင်ခွက်တွေ ပြီးစီးသွားပါပြီ။ မစ္စတာ Adam က ဒေသထွက် မြေထည်နဲ့လုပ်ထားတဲ့ ဝိုင်ခွက်ကို သုံးပြီး အိမ်နီးချင်းတွေနဲ့ ဝိုင်အရသာ မြည်းစမ်းကြည့်ကြပါတယ်။

အစီအစဉ်မိတ်ဆက်