
13မိနစ် 15စက္ကန့်
ဗီယက်နမ်နွယ်ဖွား Duong Thi Thuy Duong ဟာ ဂျပန် အလယ်ပိုင်း Aichi ခရိုင်က Nagoya မြို့မှာ နေထိုင်ပါတယ်။ COVID-19 ကပ်ရောဂါကြီးကြောင့် ဂျပန်နိုင်ငံမှာ အလုပ်လက်မဲ့နဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ကူညီထောက်ပံ့ရေးအတွက် သူက စိတ်နှစ်မြှုပ် လုပ်ကိုင်နေပါတယ်။ အဲဒီသူတွေကို အစားအသောက်နဲ့ နားခိုရာနေရာတွေ အခမဲ့ဖန်တီးပေးသလို ဘေးကင်းကင်းနဲ့နေရပ်ပြန်နိုင်ရေးကိုလည်း ကူညီပေးနေပါတယ်။ ဒုက္ခရောက်နေတဲ့ ဗီယက်နမ်တွေကို ကူညီဖို့ မီးစ် Duong ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအကြောင်း နားဆင်ရပါမယ်။ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)


