13မိနစ် 30စက္ကန့်

ကျိုတိုက ရိုးရာပုံစံနဲ့ ဒီဇိုင်းအသစ်ဖန်တီးတဲ့ Togoနိုင်ငံက အပ်ချုပ်ဆရာ

ဒီမြေ ဒီရေ ဇာတိမြေ

ထုတ်လွှင့်သည့်ရက် နိုဝင်ဘာလ 9, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် နိုဝင်ဘာလ 9, 2022

ဂျပန့် ရိုးရာယဉ်ကျေးမှုမြို့တော် ကျိုတိုမှာ အာဖရိကက အပ်ချုပ်သမား လူငယ်တစ်ဦးရှိပါတယ်။ သူက ဂျပန်ရိုးရာကနေ ဒီဇိုင်းပုံစံသစ်တွေ ဖန်တီးဖို့ လုပ်ဆောင်နေပါတယ်။ အသက် ၃၀ အရွယ် Kabressa Deabalo ဟာ သူ့ရဲ့ဇာတိ Togo နိုင်ငံမှာ ဝါရင့် အပ်ချုပ်ဆရာကြီးလို့ ခေါ်ခံ ရသူပါ။ ရှေးခေတ်ဟောင်းတုန်းက ဂျပန်မြို့တော်မှာ တစ်မူထူးခြားတဲ့ သူ့ရဲ့ အာဖရိကန် အပ်ချုပ်ပညာနဲ့ ဒီဇိုင်းတွေကို အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းနေပုံတွေကို နားဆင်ရပါမယ်။ (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo
Togo နိုင်ငံဖွား အပ်ချုပ်ဆရာ Kabressa Deabalo
photo
ကျိုတိုက ဂျပန် ရိုးရာပိတ်သားနဲ့ Deabalo ရဲ့လက်ရာပေါင်းစပ်ထားတဲ့ ဂျာကင်
photo
ကျိုတိုမြို့က ဆေးဆိုးပန်းရိုက် လက်မှုပညာရှင်တစ်ဦး (ယာ) မစ္စတာ Deabalo ရဲ့ ဆန်းပြားတဲ့ နည်းစနစ်က စွဲမက်စရာကောင်းပါတယ်။
photo
အဝတ်အထည်တွေကတစ်ဆင့် ကျိုတိုနဲ့ Togo ကို ပေါင်းကူးဆက်နွှယ်ဖို့ ကြိုးပမ်းနေတဲ့ ဂျပန်လူမျိုး Nakasu Toshiharu (ဝဲ) နဲ့ Deabalo တို့ လက်တွဲပြီး အပ်ချုပ်ဆိုင်ကို ပူးတွဲ ဖွင့်လှစ်ခဲ့ပါတယ်။

အစီအစဉ်မိတ်ဆက်