
13မိနစ် 30စက္ကန့်
တိုကျိုမြို့လယ်မှာရှိတဲ့ ကုန်သွယ်ရေးကုမ္ပဏီတစ်ခုမှာ သူတို့ဇာတိမြေ အိန္ဒိယနိုင်ငံက တင်ပို့တဲ့ အရည်အသွေးမြင့် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ တခြားကုန်ပစ္စည်းတွေ ရောင်းချနေပါတယ်။ ကိုရိုနာကပ်ရောဂါကြီးအတွင်း အိန္ဒိယကလာတဲ့ ဥက္ကဋ္ဌ Nitin Hingarh ဟာ အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းအမျိုးမျိုးကို ဂျပန်ဝန်ထမ်းတွေနဲ့အတူ ကြိုးစားရှာဖွေနေပါတယ်။ ဒီအစီအစဉ်ကနေ မစ္စတာ Nitin Hingarh ရဲ့ ကြိုးပမ်းခဲ့ရတဲ့ နေ့ရက်တွေအကြောင်းကို နားဆင်ရမှာပါ။ (၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



