
13မိနစ် 28စက္ကန့်
Nagano ခရိုင်မြောက်ပိုင်း Alps တောင်ခြေမှာ Matsumoto မြို့တည်ရှိပါတယ်။ တိဗက်ရဲ့ Sherpa တောင်တန်းဒေသကလာတဲ့ နီပေါနွယ်ဖွား Lama Gyalu ဟာ သူနေထိုင် တဲ့ Matsumoto မြို့ ဝန်းကျင်က တောင်တွေပေါ်မှာ သဘာဝပတ်၀န်းကျင်ကို ထိန်းသိမ်းတဲ့အလုပ်ကို လုပ်ပါတယ်။ သူ့မွေးရပ်မြေမှာ တောင်တက်လမ်းပြအဖြစ် လုပ်ကိုင်ခဲ့စဉ်က ကျွမ်းကျင်မှုတွေကိုအသုံးချပြီး သူတီထွင်ခဲ့တဲ့ သစ်ပင်အထူးခုတ်လှဲနည်းပညာကို ဂျပန်မှာ အစွမ်းပြ နေပါတယ်။ သူနေ့စဉ်လုပ်ကိုင်တဲ့ ဂျပန်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအလုပ်အကြောင်း နားဆင်ရပါမယ်။ (၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



