
13မိနစ် 37စက္ကန့်
ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုး ခရိုင်မှာရှိတဲ့ Urakawa မြို့ဟာ ပြိုင်ပွဲဝင်မြင်းတွေ သားဖောက်ရာနဲ့ လေ့ကျင့်ရာ ဒေသတစ်ခု ဖြစ်ပါတယ်။ အဲဒီမှာ မြင်းမွေးမြူရေးခြံ ၁၅၀ နီးပါးရှိပြီး နှစ်စဉ် ပြိုင်ပွဲဝင်မြင်း ၁၃၀၀ ကျော်ကို မွေးထုတ်ပေးပါတယ်။ ဒါပေမဲ့ လတ်တလောနှစ်တွေမှာ မြင်းမွေးမြူသူတွေဟာ အလုပ်သမား မလုံလောက် လို့ ဒုက္ခရောက်ရပါတယ်။ အဲဒီနေရာကို ရောက်လာတဲ့ Bao နဲ့ Hieu တို့ဟာ မြင်းမွေးမြူရေးခြံမှာ မြင်းထိန်းတွေအဖြစ် လုပ်ကိုင်ဖို့ ဗီယက်နမ်က တိရစ္ဆာန်ဆရာဝန်တွေ ဖြစ်ပါတယ်။ အလုပ်သစ်မှာ သူတို့ရဲ့ရုန်းကန်လှုပ်ရှားပုံတွေကို ဒီအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။ (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)


