audio
အိုကီနာဝါကျွန်းက ကမ္ဘာ့အကောင်းဆုံး ဒိန်ခဲ
ဒီမြေ ဒီရေ ဇာတိမြေ
13မိနစ် 40စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇူလိုင်လ 6, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇူလိုင်လ 6, 2022

ဂျပန်နိုင်ငံရဲ့ ပင်မကျွန်းကြီးရဲ့ အနောက်ဘက် သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ အပူပိုင်းကျွန်းစု အိုကီနာဝါ။ အမေရိကန်ဖွား ဒိန်ခဲပြုလုပ်သူပညာရှင် Pamela Ann Matsunaga ဟာ အိုကီနာဝါကျွန်းမှာ တစ်ဦးတည်း သူ့ကလေး ၅ ယောက်ကို ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက်နေတဲ့ single mother တစ်ဦး ဖြစ်ပါတယ်။ အိုကီနာဝါက လူတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ သူ့ကလေးတွေနဲ့အတူ ဒေသထွက် ဆိတ်နို့ကို အသုံးပြုပြီး “ကမ္ဘာ့ အကောင်းဆုံး ဒိန်ခဲတွေ” ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ (၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo မီးစ် ပါမယ်လာ အသက် ၂၃ နှစ်အရွယ်မှာ အင်္ဂလိပ်စာ ဆရာမအဖြစ်နဲ့ ဂျပန်နိုင်ငံကို လာခဲ့ပါတယ်။ သူဟာ ဂျပန်အမျိုးသားလက်ထပ်ပြီးနောက် ကွာရှင်းပြီး ဂရိနိုင်ငံက တက္ကသိုလ်တစ်ခုမှာ ဒိန်ခဲလုပ်တဲ့ ဘာသာရပ်ကို သင်ယူခဲ့တာ ဖြစ်ပါတယ်။ photo ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ အိုကီနာဝါက Kadena လေတပ်အခြေစိုက်စခန်းအနီးက ဈေးဝယ်စင်တာမှာ သူ့ရဲ့ ဒိန်ခဲရောင်းတဲ့ ဆိုင်ခန်းလေးနဲ့ ဒိန်ခဲထုတ်လုပ်တဲ့ စက်ရုံကို ဖွင့်ခဲ့ပါတယ်။ မီးစ် ပါမယ်လာက အထူး ဆိတ်နို့ဒိန်ခဲ ပြုလုပ်နေပါတယ်။ photo ဆိတ်သားကို အိုကီနာဝါမှာ ကာလရှည်ကြာစွာ စားသုံးလာကြပေမယ့် ဆိတ်နို့ ဒိန်ခဲ လုပ်စားတာကတော့ ရှားပါးပါတယ်။ photo အမေရိကန်မှာ နေတဲ့ အကြီးဆုံးသားကလွဲရင် ကျန်တဲ့ ကလေး ၄ ယောက်က သူတို့မိခင်နဲ့ အတူ နေပြီး လုပ်ငန်းမှာ ဝိုင်းဝန်းကူညီကြပါတယ်။ ကလေးတွေဟာ သူတို့မိခင်က ဒိန်ခဲထုတ်လုပ်တဲ့ လုပ်ငန်း လုပ်တာကို ဂုဏ်ယူကြပါတယ်။