13မိနစ် 23စက္ကန့်

တို့ဟူးနဲ့ ဆက်သွယ်ထားတဲ့ နှစ်နိုင်ငံ

ဒီမြေ ဒီရေ ဇာတိမြေ

ထုတ်လွှင့်သည့်ရက် ဇွန်လ 8, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇွန်လ 8, 2022

ဂျပန်နိုင်ငံ အနောက်တောင်ဘက် Ehime ခရိုင် Seiyo မြို့မှာ Uwa-cho အရပ်ရှိပါတယ်။ အဲဒီအရပ်ဒေသက ဆိုင်တစ်ဆိုင်ဟာ အရသာကောင်းလှတဲ့ တို့ဟူးကြောင့် နာမည်ကြီးပါတယ်။ ဘူတန်လူမျိုးဖြစ်တဲ့ Robin Sharma ဟာ အဲဒီမှာ လယ်ယာအလုပ်နဲ့ တို့ဟူး ပြုလုပ်နည်းကို သင်ယူနေပါတယ်။ သူချစ်မြတ်နိုးတဲ့ ဒီ Uwa အရပ်ဒေသနဲ့ သူ့ရဲ့ဇာတိ ဘူတန်နိုင်ငံ အတွက် အလုပ်တွေကြိုးစားလုပ်ကိုင်နေတဲ့ Robin ရဲ့အကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်။ (၂၀၂၁ ခုနှစ် မေလ ၂၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo
Uwa-cho အရပ်က နာမည်ကြီး တို့ဟူးဆိုင်မှာ မစ္စတာ Robin တို့ဟူးတွေပြုလုပ်နေတာ တစ်နှစ်ကျော် သွားပြီ ဖြစ်ပါတယ်။ ဘူတန်နိုင်ငံအတွက် ကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးရာမှာ တစ်ထောင့်တစ်နေရာက ပါဝင်ကူညီနိုင်ဖို့ သူတတ်နိုင်သလောက် လေ့လာသင်ယူနေပါတယ်။
photo
Tofu ကို ပဲပုပ်ပဲကနေ ပြုလုပ်တာပါ ။ အဲဒီ ပဲပုပ်ပဲကို ဒီကုမ္ပဏီက အဆင့်မြင့်နည်းပညာတွေနဲ့ စိုက်ပျိုး ရိတ်သိမ်းပါတယ်။ ပဲသီးတောင့်တွေကို အမြန်ရိတ်သိမ်းဖို့နဲ့ ပဲတောင့်အခွံကိုခွာပြီး အထဲက ပဲစေ့တွေကိုပဲ အလိုအလျောက်ထုတ်ယူနိုင်ဖို့ စက်တွေကို အသုံးပြုနေပါတယ်။
photo
ကုမ္ပဏီ ဥက္ကဋ္ဌက Robin ကို ဂျပန်ဝန်ထမ်းတွေနည်းတူ ခံစားခွင့်နဲ့ အလုပ်ခန့်ထားတာ ဖြစ်တဲ့အပြင် အဆောင်ကိုလည်း စျေးသက်သက်သာသာနဲ့ ပေးထားပါတယ်။

အစီအစဉ်မိတ်ဆက်