13မိနစ် 37စက္ကန့်

Chris ရဲ့ နိုင်ဂျီးရီးယားစတိုးဆိုင်လေး

ဒီမြေ ဒီရေ ဇာတိမြေ

ထုတ်လွှင့်သည့်ရက် မေလ 11, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မေလ 11, 2022

တိုကျိုမြို့မြောက်ဘက် Saitama ခရိုင် Koshigaya မြို့ မှာ လက်ရှိနိုင်ဂျီးရီးယားလူမျိုး ၅၀၀ ကျော် နေထိုင်လျက်ရှိပါတယ်။ အဲဒီအထဲက တစ်ဦးဖြစ်တဲ့ မစ္စတာ Chris Andrews က နိုင်ဂျီးရီးယားလူမှုအသိုင်းအဝိုင်းအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ စတိုးဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။ ဂျပန်မှာသူ့ရဲ့ လုပ်ငန်းလေး ရေရှည်တည်တံ့နိုင်အောင် ကြိုးစားရုန်းကန်ရပုံတွေကို ဒီအစီအစဉ်ကနေ နားဆင်ရပါမယ်။ (၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo
မစ္စတာ Chris Andrews ကို ၁၉၆၉ ခုနှစ် နိုင်ဂျီးရီးယားမှာ မွေးဖွားခဲ့ပြီး အသက် ၂၇ နှစ်အရွယ်မှာ ဂျပန်နိုင်ငံကို ရောက်လာခဲ့ပါတယ်။
photo
အဆောက်အအုံတစ်ခုရဲ့ ဒုတိယထပ်မှာ နိုင်ဂျီးရီးယားလူမျိုးတွေ စုဝေးပြီး ဘုရားရှိခိုးကြတဲ့ ခရစ်ယာန်ဘုရားကျောင်းရှိပါတယ်။ နိုင်ဂျီးရီးယားလူမျိုးအများစုဟာ Saitama ခရိုင်အတွင်းမှာရှိတဲ့ စက်ရုံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကြပါတယ်။
photo
မစ္စတာ Chris နိုင်ဂျီးရီးယားကနေ ထွက်ခွာခဲ့တာ ၂၅ နှစ် ရှိပါပြီ။ ဂျပန်လူမျိုး မိတ်ဆွေသူငယ်ချင်းတွေက သူ့ကို ထောက်ပံ့ကူညီကြပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်ရင်း နေထိုင်တဲ့ ဂျပန်ကို ချစ်ခင်နှစ်သက်မှုက ပိုပြီး ခိုင်မာလာပါတယ်။

အစီအစဉ်မိတ်ဆက်