
လူတိုင်းအတွက် လုံခြုံနွေးထွေးတဲ့နေအိမ်
ဒီမြေ ဒီရေ ဇာတိမြေ
13မိနစ် 41စက္ကန့်
ထုတ်လွှင့်သည့်ရက် ဇန်နဝါရီလ 12, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇန်နဝါရီလ 12, 2022
တိုကျိုခရိုင်က ရှင်းကျုခု မြို့နယ်ဟာ နိုင်ငံခြားသားတွေ အများဆုံးနေထိုင်တဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံဖွား မစ္စတာ Dong Xiaoliang ဟာ နိုင်ငံခြားသားတွေနဲ့ ဂျပန်အိမ်ပိုင်ရှင်တွေအကြား ဆက်သွယ်ပေးတဲ့ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်နေပါတယ်။ ဂျပန်မှာ နိုင်ငံခြားသားတွေက အိမ်လို့ခေါ်တဲ့ နေစရာနေရာတစ်ခု ရှာတွေ့နိုင်ဖို့ မစ္စတာ Dong ရဲ့ ကြိုးပမ်းမှုတွေကို အနီးကပ် လေ့လာကြည့်ကြရအောင်။
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)


