audio
အခက်အခဲတွေကို အတူတူ ကျော်လွှားနိုင်ရမယ်။
ဒီမြေ ဒီရေ ဇာတိမြေ
13မိနစ် 44စက္ကန့်

ထုတ်လွှင့်သည့်ရက် ဖေဖေါ်ဝါရီလ 16, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဖေဖေါ်ဝါရီလ 16, 2022

ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်သူ ဗီယက်နမ်နိုင်ငံဖွား မစ္စတာ Do Van Tuan ဟာ Sendai Vietnamese Association ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး ဂျပန်နိုင်ငံမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဗီယက်နမ်လူမျိုးတွေကို ထောက်ပံ့ကူညီပေးနေသူလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြာသားတွေ တော်တော်များများက အလုပ် ဖြုတ်ခံရတာနဲ့ တချို့ဆို နေစရာအိမ် တောင် မရှိကြတော့ပါဘူး။ ဂျပန်နိုင်ငံမှာ အရေးပေါ် အခြေအနေကြေညာခဲ့ပြီးနောက်ပိုင်း မစ္စတာ Tuan ဆီကို အကူအညီတောင်းခံတဲ့စာတွေ အရင်ကထက် ပိုပြီး ရောက်လာနေပါတယ်။
(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo မစ္စတာ Do Van Tuan ဟာ အကူအညီလိုအပ်နေတဲ့ ဗီယက်နမ်လူမျိုး သူငယ်ချင်းတွေကို အစားအစာနဲ့ တခြားရိက္ခာတွေ ပို့ပေးနေပါတယ်။ photo အရေးပေါ် အခြေအနေကြေညာပြီးနောက်ပိုင်း မစ္စတာ Tuan ဟာ အစားအသောက်တွေကို သူ့ကိုယ်ပိုင်ငွေနဲ့ ဝယ်ယူပြီး လိုအပ်တဲ့သူတွေဆီကို အချိန်မရွေး အဆင်သင့်ပို့ပေးနိုင်အောင် စုဆောင်းထားပါတယ်။ photo မစ္စတာ Do Van Tuan ဟာ လွန်ခဲ့တဲ့ ၈ နှစ်က ဂျပန်နိုင်ငံကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ စကားပြန်၊ ဘာသာပြန်နဲ့ ဘာသာစကားသင်ကြားတဲ့ ဆရာတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုပြီး ဘဝကို တည်ဆောက်လာခဲ့ပါတယ်။ photo စာသင်ခန်းတွေမှာ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကနေ ဗီယက်နမ်လူမျိုးတွေကို ဂျပန်စကားသင်ကြားပေးဖို့ မစ္စတာ Tuan က စီစဉ်ခဲ့ပါတယ်။ သူနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဒေသခံ ဂျပန်လူမျိုးတွေလည်း တိုးလာခဲ့ပါတယ်။