
ထုတ်လွှင့်သည့်ရက် နိုဝင်ဘာလ 10, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် နိုဝင်ဘာလ 10, 2021
အာဖရိကနိုင်ငံ တစ်နိုင်ငံကလာတဲ့ မစ္စတာ Oussouby Sacko ဟာ ဂျပန်နိုင်ငံက တက္ကသိုလ်တစ်ခုမှာ ပထမဆုံး ကျောင်းအုပ်ကြီး ဖြစ်လာသူပါ။ မစ္စတာ Oussouby Sacko ဟာ ဂျပန်ကျောင်းသူ၊ ကျောင်းသားတွေနဲ့ နိုင်ငံခြားကလာတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအကြား မတူကွဲပြားမှုတွေကို အပြန်အလှန်နားလည်မှု ရရှိစေရေး ပျိုးထောင်ပေးလာခဲ့ပါတယ်။ သူ့ရဲ့ အချိန်ပေး ကြိုးပမ်းအားထုတ်မှုတွေရဲ့ ကျေးဇူးကြောင့် တက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသားတွေလည်း တိုးလာနေပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် မတူကွဲပြားမှုတွေကို နားလည်အောင် သင်ကြားပေးမယ့်တက္ကသိုလ်ဖွင့်ချင်တဲ့ သူ့ရဲ့ ရည်မှန်းချက်အတိုင်း ဆက်လုပ်ဖို့ဆိုတာ အခက်အခဲ တွေလည်း ကြုံတွေ့နေရပါတယ်။ အစီအစဉ်မှာ နားဆင်ကြည့်ပါ။
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)


