audio
အိုအိတာ့ခရိုင်က ဒေသန္တရ စိုက်ပျိုးမွေးမြူရေးမြေ ထိန်းသိမ်းရေး ကြိုးပမ်းချက်များ-Paul Christie
ဒီမြေ ဒီရေ ဇာတိမြေ
13မိနစ် 39စက္ကန့်

ထုတ်လွှင့်သည့်ရက် အောက်တိုဘာလ 6, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် အောက်တိုဘာလ 6, 2021

ဂျပန်နိုင်ငံကို သူတို့ရဲ့ ဇာတိမြေအသစ်အဖြစ် ရွေးချယ်ပြီး နေထိုင်နေကြတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ ၂.၈ သန်းကျော်ကာ ၂၀၁၉ ခုနှစ်မှာ စံချိန်တင်ခဲ့ပါတယ်။ ဂျပန်လူမှုအသိုက်အဝန်းမှာ နိုင်ငံခြားသားတွေရဲ့ ဘဝအခြေအနေနဲ့ သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အကြောင်းကို တင်ဆက် ပေးမှာပါ။ ဒီအစီအစဉ်မှာ အိုးအိတာ့ ခရိုင်မှာ ကျေးလက်ဒေသခရီးသွားလုပ်ငန်းကို စီမံလုပ်ကိုင်နေတဲ့ နိုင်ငံခြားသား တစ်ဦးက ကပ်ရောဂါဖြစ်ပွားနေတဲ့ အကြားမှာ ဒေသန္တရ စိုက်ပျိုးမွေးမြူရေးမြေကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေတဲ့ အကြောင်း ထုတ်လွှင့်ပေးမှာပါ။
(၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo Paul Christie နဲ့ သူ့မိသားစုပါ။ မစ္စတာ Paul ဟာအိုးအိတာ့ခရိုင်မှာ ခရီးသွားအေဂျင်စီတစ်ခုကို စီမံလုပ်ကိုင်နေပါတယ်။ photo သူ့ရဲ့စပါးခင်းတွေကို ကူညီစိုက်ပျိုးပေးတဲ့ မစ္စတာ Paul ကို ကျေးဇူးတင်နေတဲ့ အမျိုးသမီး။ photo မစ္စတာ Paul က စွန့်ပစ်မြေလယ်ကွက်ပေါ်မှာ စပါးစိုက်ပျိုးနေပါတယ်။