audio
စားသောက်ဆိုင်လုပ်ငန်းနယ်ပယ် ပြန်လည်ရှင်သန်ရေး ကြိုးပမ်းခြင်း
ဒီမြေ ဒီရေ ဇာတိမြေ
13မိနစ် 40စက္ကန့်

ထုတ်လွှင့်သည့်ရက် စက်တင်ဘာလ 8, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် စက်တင်ဘာလ 8, 2021

အခုလက်ရှိမှာ ဂျပန်နိုင်ငံတွင်း တရားဝင်နေထိုင်နေကြတဲ့ နိုင်ငံခြားသား ၂.၈ သန်းလောက်ရှိပါတယ်။ ဒါဟာ ဂျပန်နိုင်ငံလူဦးရေရဲ့ ၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဲဒီနိုင်ငံခြားသားတွေ ဂျပန်လူမှုအသိုက်အဝန်းအတွင်း ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ ဘဝအခြေအနေအကြောင်းတွေကို "ဒီမြေ ဒီရေ ဇာတိမြေ" အစီအစဉ်ကနေ တင်ဆက်ပေးနေပါတယ်။ ဒီတစ်ကြိမ်တော့ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလတွင်း ငယ်ရွယ်တဲ့ တရုတ်လူမျိုးစားသောက်ဆိုင်ပိုင်ရှင် Aya Wu ရဲ့ ကြိုးပမ်းရုန်းကန်မှုတွေကို နားဆင်ရမှာပါ။
(၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်။)

photo Aya Wu ဟာ စိုင်းတာမာ့ခရိုင် ခါဝါ့ဂုချိမြို့မှာ လူကြိုက်များတဲ့ တရုတ်စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ရောင်းချနေပါတယ်။ photo ဟင်းခတ်အမွှေးအကြိုင်များတွေ ခပ်ထားတဲ့ စီချွမ်စတိုင် ပူပူစပ်စပ်ဟင်းပြုတ်ရည် hot pot ဟာ Aya ဆိုင်မှာ လူကြိုက်များတဲ့ စားဖွယ်ရာတွေထဲပါဝင်ပါတယ်။ photo လွန်ခဲ့တဲ့ ၃ နှစ်က Aya ဟာ သူ့ရဲ့ အနီးအနားပတ်ဝန်းကျင်က လမ်းသန့်ရှင်းရေး အတွက် စေတနာ့ဝန်ထမ်း လုပ်ကိုင်ခဲ့ပါတယ်။ photo စားသောက်ဆိုင်ရဲ့ လုပ်ကိုင်ပုံအပြောင်းအလဲတစ်ခုအနေနဲ့ Aya ဟာ စားဖွယ်ရာတွေကို ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကို စမ်းသပ်လုပ်ကိုင်ပါတယ်။