
ထုတ်လွှင့်သည့်ရက် အောက်တိုဘာလ 13, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် အောက်တိုဘာလ 13, 2021
ဂျပန်ကို သူတို့ရဲ့နေရာသစ်အဖြစ် ရွေးချယ်ခဲ့သူအရေအတွက်ဟာ ၂၀၁၉ ခုနှစ်မှာ စံချိန်တင်အောင် များပြားလာခဲ့ပြီး ၂.၈ သန်းကျော် ရှိလာခဲ့ပါတယ်။ သူတို့ဟာ ဂျပန်လူဦးရေရဲ့ ၂ ရာခိုင်နှုန်းလောက် ရှိပါတယ်။ သူတို့တတွေဟာ သူတို့ရဲ့ လူမှုအသိုက်အဝန်းကို တည်ဆောက်ရင်းနဲ့ ဂျပန့်လူမှုအသိုက်အဝန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပါတယ်။ ဂျပန်လူမှုအသိုက်အဝန်းအတွင်း ရင်ဆိုင်ရတဲ့ အခက်အခဲ တွေနဲ့ သူတို့ရဲ့ နေထိုင်မှုဘဝ တစေ့တစောင်းကို ဒီအစီအစဉ်မှာ နားဆင်ရပါမယ်။ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသက အရောင်းအဝယ်လုပ်သူ ၆၀၀ ကျော် ဟာ တစ်ပတ်ရစ်ကားလေလံပွဲကို ရောက်လာကြပါတယ်။ သူတို့ဟာ မွေးစားနိုင်ငံ ဂျပန်မှာ နေထိုင်ပြီး အကောင်းဆုံးရောင်းဝယ်နိုင်ဖို့ ကြိုးစားရင်း နိုင်ငံခြားကို မော်တော်ကားတင်ပို့ကြပါတယ်။ သူတို့တတွေထဲက ပါကစ္စတန်လူမျိုး မိယန် မိုဟာမက် ဆာဒစ် ရဲ့ နေ့စဉ်လှုပ်ရှားကြိုးပမ်းမှုတွေကို တင်ဆက်ပါမယ်။ (၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်)


