18မိနစ် 46စက္ကန့်

"ဖေဖေကကျောပိုးပေးပြီး ကြည့်ခဲ့တဲ့ မီးပန်း" (အပိုင်း-၂)

စိတ်ဝင်စားဖွယ် ခေတ်သစ်ဂျပန်

ထုတ်လွှင့်သည့်ရက် ဇူလိုင်လ 10, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် နိုဝင်ဘာလ 2, 2021

ဒီအစီအစဉ်ကနေ အမျိုးသမီး စာရေးဆရာ မိုရီ ဟီရိုးမီ Mori Hiromi ရဲ့ "ချိချိနို စယ်နာကာ့ဒဲ့ မိတာ့ ဟာ့နာ့ဘီ (『父の背中で見た花火』) "ဖေဖေကကျောပိုးပေးပြီး ကြည့်ခဲ့တဲ့ မီးပန်း" ဝတ္ထုကို တင်ဆက်ပေးနေပါတယ်။ ဒီဇာတ်လမ်းထဲမှာ အိမ်ထောင်ကွဲလာတဲ့ မိစာ့ကိစံ ဟာ မိဘအိမ်ကို ပြန်လာပြီး သူ့သမီးကို စောင့်ရှောက်ပေးဖို့ မိဘကို အပ်ခဲ့ပါတယ်။ ရုတ်တရက် အဲဒီလို လုပ်ခဲ့တဲ့ သမီးအပေါ် မိဘတွေက စိတ်ဆိုးပေမယ့် စိတ်ဆင်းရဲနေတဲ့ မြေးအတွက် စဉ်းစားပြီး ကလေးကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ လက်ခံလိုက်ပါတယ်။ နွေရာသီ နေ့တစ်နေ့မှာ မိစာကီစံက သူ့သမီးလေးနဲ့အတူ မီးပန်းပွဲကို သွားဖို့ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ မိစာကီစံ ပေါ်မလာခဲ့ပါဘူး။ အပိုင်း-၂ ကို ဆက်လက် နားဆင်ပါ။ ဒီအစီအစဉ်ကို ကိုငယ်၊ ကေသွယ်၊ ကောင်းစုနဲ့ မေသန်းတို့က ပါဝင်တင်ဆက်ထားပါတယ်။

photo

အစီအစဉ်မိတ်ဆက်