18မိနစ် 01စက္ကန့်

"ဖေဖေကကျောပိုးပေးပြီး ကြည့်ခဲ့တဲ့ မီးပန်း" (အပိုင်း-၁)

စိတ်ဝင်စားဖွယ် ခေတ်သစ်ဂျပန်

ထုတ်လွှင့်သည့်ရက် ဇူလိုင်လ 3, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် နိုဝင်ဘာလ 2, 2021

ဒီကနေ့မိတ်ဆက်ပေးမယ့် ဝတ္ထုကတော့ အမျိုးသမီး စာရေးဆရာ မိုရီ ဟီရိုးမီ Mori Hiromi ရဲ့ "ချိချိနို စယ်နာကာ့ဒဲ့ မိတာ့ ဟာ့နာ့ဘီ (『父の背中で見た花火』) "ဖေဖေကကျောပိုးပေးပြီး ကြည့်ခဲ့တဲ့ မီးပန်း" ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ အိမ်ထောင်ကွဲသွားတဲ့ အမျိုးသမီးတစ်ယောက်က နွေရာသီနေ့တစ်နေ့မှာ ကလေးကို ခေါ်ပြီး မိဘအိမ်ကို ပြန်လာခဲ့ပါတယ်။ သမီးလေးကို ကြည့်ပေးဖို့ မိဘကို အကူအညီတောင်းခဲ့တဲ့ အမျိုးသမီးနဲ့ သူ့ရဲ့ သမီးလေးရဲ့ ဘဝက ဘယ်လို ဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ နားဆင်ပါ။ ဒီအစီအစဉ်မှာ ကိုငယ်၊ ကေသွယ်၊ ကောင်းစုနဲ့ မေသန်းတို့က တင်ဆက်ထားပါတယ်။ အပိုင်း-၁ ကို နားဆင်ပါ။

photo

အစီအစဉ်မိတ်ဆက်