audio
"ဂျပန်စာပေ မွေ့ပျော်ချိန်"
စိတ်ဝင်စားဖွယ် ခေတ်သစ်ဂျပန်
14မိနစ် 16စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇွန်လ 12, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် အောက်တိုဘာလ 28, 2021

“ဂျပန်စာပေမွေ့ပျော်ချိန်” အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဂျပန်ဝတ္ထုတိုတွေကို မိတ်ဆက်ပေးပါမယ်။ ဒီတစ်ကြိမ်မှာတော့ “အခုနှစ်မှာ ပထမဦးဆုံးဝတ်တဲ့ အင်္ကျီလက်တို " ဝတ္ထုတို ဒုတိယပိုင်းကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒီဝတ္ထုကို ရေသားခဲ့သူ စာရေးဆရာမ Yamamoto Fumio ကို ၁၉၆၂ ခုနှစ်မှာ မွေးဖွားခဲ့ ပြီး ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကြတဲ့ အမျိုးသမီးတွေကို အားပေးတဲ့အနနဲ့ ဒီဝတ္ထုကိုရေးခဲ့တာပါ။ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်က စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း ကိုယ့် ဘဝကို ချစ်မြတ်နိုးတတ်လာစေဖို့ ရည်ရွယ် ရေးသားခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်။
ကျွန်မစိတ်ထဲကနေ ရည်စားဟောင်းကို ထုတ်ပစ် နိုင်ဖို့ ကုန်တိုက်တစ်ခုမှာ ရခဲ့တဲ့ အလုပ်သစ်မှာ စိတ်ရောကိုယ်ပါ နှစ်ပြီး အလုပ် လုပ်ခဲ့ပါတယ်။ စနေ/တနင်္ဂနွေရော အားလပ်ရက်တွေမှာပါ တောက်လျှောက် အလုပ်လုပ်ခဲ့ပါတယ်။ ၂ နှစ်လောက် အလုပ်ကို ကျွန်မ ပိန်သွားတဲ့အထိ ပြင်းပြင်းထန်ထန် လုပ်ခဲ့တယ်။ အဲဒီနောက်မှာတော့ သူ ကျွန်မရှေ့မှာ ပေါ်လာခဲ့ပါတယ်။ သူက ကျွန်မတို့ရဲ့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့ တောင်းဆိုခဲ့ပါတယ်။
အပိုင်း-၂ (ဇာတ်သိမ်းပိုင်း)

photo