
ဂျပန်မှာ အနာဂတ်ရှေ့ဆက်ဖို့ အခက်တွေ့နေရတဲ့ နိုင်ငံခြားသား ကျောင်းသားများ
စိတ်ဝင်စားဖွယ် ခေတ်သစ်ဂျပန်
13မိနစ် 30စက္ကန့်
ထုတ်လွှင့်သည့်ရက် ဇန်နဝါရီလ 14, 2021
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇန်နဝါရီလ 14, 2022
ဂျပန်မှာ လက်ရှိ နိုင်ငံခြားသား ကျောင်းသား ၃သိန်းကျော် ပညာသင်ကြားနေပါတယ်။ သူတို့ထဲက တချို့က ဘွဲ့ရပြီးတဲ့နောက် ဂျပန်မှာ အလုပ်ရဖို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် သူတို့ရဲ့ဘဝတွေမှာ အကြီးအကျယ် ဂယက်ရိုက်မှုတွေ ရှိနေပါတယ်။ ဒီအစီအစဉ်မှာ ကပ်ရောဂါရဲ့ အကြီးအကျယ်ရိုက်ခတ်မှုကြောင့် အနာဂတ် အခွင့်အလမ်းတွေအတွက် ကြိုးပမ်းရုန်းကန်နေရတဲ့ ဂျပန်ရောက် နိုင်ငံခြားသားကျောင်းသားတွေ အကြောင်းကို အလေးပေး တင်ဆက်မှာ ဖြစ်ပါတယ်။
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



