
ထုတ်လွှင့်သည့်ရက် သြဂုတ်လ 20, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် သြဂုတ်လ 20, 2021
၁၉၄၅ ခုနှစ် သြဂုတ်လ၊ ဟီရိုရှီးမားနဲ့ နာဂါစာကီမြို့တွေမှာ အဏုမြူဗုံးကြဲခံခဲ့ရတာကြောင့် လူတွေ သိန်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဟီရိုရှီးမားမြို့သား ပန်းချီဆရာတစ်ဦးဖြစ်တဲ့ မစ္စတာ မာရုကီ အီရိ (Maruki Iri) နဲ့ သူ့ဇနီး မာရုကီ တိုရှိ (Maruki Toshi) တို့ဟာ ဒီဆိုးရွားလှတဲ့ စစ်ဒဏ်ရဲ့ ထိခိုက်ပျက်စီးမှုတွေကို မျက်မြင်ကြုံတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ "The Hiroshima Panels" လို့ လူသိများတဲ့ အတွဲလိုက် ဆွဲထားတဲ့ ပန်းချီကားတွေကို နှစ်ပေါင်း ၃၀ ကျော်ကြာ အချိန်ယူ ဖန်တီးခဲ့ကြပါတယ်။ အဲဒီ ပန်းချီကားတွေကို ကမ္ဘာတစ်ဝန်းက နေရာပေါင်း ၂၀ ကျော်မှာ ပြသခဲ့ပြီး စစ်ပွဲကြောင့် ပျက်စီးခဲ့ရတဲ့ သင်ခန်းစာတွေကို လူတွေဆီအရောက် ဆောင်ကြဉ်း ပေးနေပါတယ်။ ဒါပေမဲ့ ဒီပန်းချီကားတွေကို ထိန်းသိမ်း ပြသထားတဲ့ ပုဂ္ဂလိက ပြတိုက်ဟာ နှစ်ပေါင်းများစွာကြာလာတဲ့အတွက် အိုဟောင်းနေပြီး အခုအခါမှာ ပန်းချီကားတွေ ပျက် စီးယိုယွင်းမှုအန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပြတိုက်ကိုလာတဲ့ ဧည့်သည်အရေအတွက်လည်း ကျဆင်းလာခဲ့ပါတယ်။ အဲဒါကြောင့် နောင်မျိုးဆက်သစ်တွေအတွက် တန်ဖိုးရှိလှတဲ့ ဒီအနုပညာလက်ရာတွေကို ထိန်းသိမ်းဖို့ ဘယ်လို အစီအမံတွေ လုပ်နေသလဲ ဆိုတာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားပါမယ်။
(၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)


