audio
မျှော်လင့်ချက်တွေပေးတဲ့ ဆပ်ပြာ
စိတ်ဝင်စားဖွယ် ခေတ်သစ်ဂျပန်
13မိနစ် 47စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇူလိုင်လ 7, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇူလိုင်လ 7, 2021

သစ်သီးတွေထည့်လုပ်ထားသကြားလုံးတွေနဲ့ အင်မတန်တူတဲ့ ဆပ်ပြာတုံးတွေဟာ အခုအခါ လူကြိုက်များနေပါတယ်။ အဲဒီဆပ်ပြာတုံးတွေကို မသန်စွမ်းတဲ့သူတွေက ပြုလုပ်တာ ဖြစ်ပါတယ်။ ခါနာဂါဝါခရိုင် အိုဒါ့ဝါရာ့မြို့က ဆပ်ပြာစက်ရုံတစ်ရုံမှာ အလုပ်သမား ၂၄ ဦး အလုပ်လုပ်နေပါတယ်။ သူတို့တတွေဟာ ဉာဏ်ရည်ချို့တဲ့သူ ၊ စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ မသန်စွမ်းတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့တတွေဟာ လုပ်ငန်းသစ်တွေကို ဆက်လက် လုပ်ကိုင်နေကြသလို စက်က ပုံစံတူ လိုက်မလုပ်နိုင်တဲ့ ပြောင်မြောက်တဲ့ အရည်အသွေးတွေနဲ့ လုပ်ကိုင်နေကြပါတယ်။ လူတစ်ဦးချင်းစီ အတူတူ လက်တွဲလုပ်နိုင်တဲ့ သေးငယ်ပြီး အောင်မြင်နေတဲ့ ဆပ်ပြာစက်ရုံအကြောင်း နားဆင်ရပါမယ်။ (ဒီအစီအစဥ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တင်ဆက်ခဲ့ပါတယ်)

photo တကယ့်သစ်သီးစိတ်လေးတွေထည့်ထားသလိုမျိုး ဖြစ်နေတဲ့ ဆပ်ပြာတုံးများ photo ဆပ်ပြာတုံးတွေကို မသန်စွမ်းသူတွေ ကိုယ်တိုင် လက်နဲ့ပြုလုပ်ထားပါတယ်။ photo ကုမ္ပဏီအကြီးအကဲ Kaoru Kambara