
ထုတ်လွှင့်သည့်ရက် မတ်လ 18, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 18, 2021
အသက်အရွယ်ကြီးလွန်းသူများတဲ့နိုင်ငံတွေထဲမှာ ဂျပန်ဟာ ကမ္ဘာ့ထိပ်တန်းဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေ လျော့ကျလာနေတဲ့ သက်ကြီးရွယ်အိုတွေဟာ လှုပ်ရှားမှုနည်းလာတာနဲ့အမျှ မေ့လျော့မှုတွေလည်းဖြစ်ပေါ်လာပါတော့တယ်။ သူတို့တတွေရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းရည် ပြန်လည်ကောင်းလာစေဖို့ လေ့ကျင့်မှုတွေဟာ မရှိမဖြစ်လိုအပ်ပေမဲ့လည်း ငြီးငွေ့စရာတွေကြားမှာ သူတို့တတွေဟာ စိတ်တက်ကြွမှုတွေ လျော့နည်းလာနေပါတယ်။ ဒီပြဿနာကို ရင်ဆိုင်နေရတဲ့ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူတွေအတွက် တိုကျို ခေတ်မီသိပ္ပံနဲ့ နည်းပညာဆိုင်ရာတက္ကသိုလ်က သုတေသီ ခန်းတာ တိုရှီးမာ့ ဟာ တကယ်လက်တွေ့လိုဖြစ်စေတဲ့နည်းပညာ VR ကို တီထွင်ခဲ့ပါတယ်။ သူ့ရဲ့ VR Trip ဟာ သက်ကြီးရွယ်အိုတွေကို နာမည်ကျော် ခရီးသွားနေရာတွေကို အမှတ်ရစေလာအောင် လုပ်ပေးနိုင်ပါတယ်။


