audio
ကမ္ဘာကြီးနိုးထစေဖို့ အသိဉာဏ်ဖွင့်ပေးတဲ့ သတင်းစကား
တွေ့ဆုံမေးမြန်းခန်း
13မိနစ် 39စက္ကန့်

ထုတ်လွှင့်သည့်ရက် မေလ 21, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မေလ 28, 2021

ရှူးဂဲန်းဒိုး (Shugendo) ဆိုတဲ့ ဘာသာရေးအယူအဆဟာ ဂျပန်ကနေ ပေါက်ဖွားလာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ကျင့်စဉ်တွေထဲက တစ်ခုကတော့ ခက်ခဲကြမ်းတမ်းတဲ့ တောတောင်လမ်းတွေကို တစ်နေ့ကို ၁၆ နာရီ စုစုပေါင်း ရက်ပေါင်း ၁၀၀၀ ကြာ ခြေလျင်ခရီးထွက်ရတာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၃၀၀ ကြာ သမိုင်းစဉ်ရှိတဲ့ နာရာ ခရိုင်က ကင်းပုစဲန်းဂျိ ဘုရားကျောင်း (Kinpusen-ji) က ဘုန်းတော်ကြီး လျိုးဂျွန်း ရှီအို့နူမာ့ (Ryojun Shionuma) ဟာ အဲဒီခရီးကို ပြီးမြောက်အောင် လျှောက်နိုင်ခဲ့တဲ့ ဒုတိယမြောက်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူဟာ အခုဆိုရင် ဂျိဂဲန်းဂျိ (Jigenji) ဘုရားကျောင်း က ကျောင်းထိုင်ဆရာတော်ဖြစ်နေပါပြီ။ အဲဒီလိုမျိုး စိတ်ရော ကိုယ်ပါ သုံးရတဲ့ကျင့်စဉ်ကနေ ဘာတွေသင်ခန်းစာရခဲ့သလဲဆိုတာနဲ့ ကမ္ဘာအနှံ့ကလူတွေကိုဘယ်လိုသတင်းစကားပေးချင်သလဲဆိုတာကို တင်ဆက်ထားပါတယ်။
(၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ပါ)

photo မိယာဂိခရိုင်၊ ဆဲန်းဒိုင်မြို့ ရှိ ဂျိဂဲန်းဂျိဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် Ryojun Shionuma photo မြင့်မြတ်တဲ့မီးပူဇော်မှုကို ဆောင်ရွက်နေတဲ့ ဆရာတော် Shionuma photo တောင်တန်းတစ်လျှောက် ရက် ၁၀၀၀ ကြာ ဘာသာရေးကျင့်စဉ်ခရီးထွက်နေတဲ့ ဆရာတော် Shionuma photo နယူးယောက်တွင် ဟောပြောပို့ချနေသည့် ဆရာတော် Shionuma