
ဂျပန်ရဲ့ မီးသတ်ကား
ပေါ်ထွန်းခဲ့ပြီ ဂျပန်ပြည်
12မိနစ် 50စက္ကန့်
ထုတ်လွှင့်သည့်ရက် ဇွန်လ 2, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇွန်လ 2, 2021
၂၀၁၁ ခုနှစ်မှာ ဂျပန် အရှေ့ပိုင်း ငလျင်ကြီးလှုပ်ခဲ့တုန်းက ဂျပန်တစ်နိုင်ငံလုံးက မီးသတ်ကားတွေဟာ မီးလောင်တဲ့ အရပ်တွေဆီ သွားပြီး အကူအညီပေးခဲ့ကြပါတယ်။ ဂျပန်ရဲ့ မီးသတ်ကားတွေဟာ အဲဒီလိုမျိုးသဘာဝဘေးကြီးတွေကနေ သင်ခန်းစာရယူပြီး တီထွင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ခေတ်မီနည်းပညာတွေတပ်ဆင်ထားတဲ့ ဂျပန်ရဲ့ မီးသတ်ကားတွေအကြောင်း တင်ဆက်သွားပါမယ်။ အဲဒီအထဲမှာ မြင့်တဲ့နေရာတွေက မီးလောင်တာကို ငြှိမ်းသတ်နိုင်တဲ့ ဘီးတပ်ကုလားထိုင် သုံးရတဲ့သူတွေကို ကယ်တင်နိုင်တဲ့ နည်းပညာတွေ ပါဝင်ပါတယ်။ နောက်ထပ် မီးသတ်ကားတစ်မျိုးကတော့ ရေအစား ပြည့်ဝ နိုက်ထရိုဂျင်ပါဝင်နေတဲ့ လေနဲ့ မီးငြှိမ်းသတ်လို့ ရတာပဲ ဖြစ်ပါတယ်။ (၂၀၂၀ ပြည့်နှစ် မတ်လက ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်)



