19မိနစ် 58စက္ကန့်

"ဒဏ္ဍာရီ ပုံပြင်ထဲက ဂျပန်စကား" MOMOTARO

NHK WORLD-JAPAN သုတဝေဖြာနားဆင်ပါ

ထုတ်လွှင့်သည့်ရက် ဖေဖေါ်ဝါရီလ 27, 2022 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဖေဖေါ်ဝါရီလ 27, 2023

ဂျပန်မှာ ရှေးကတည်းက လက်ဆင့်ကမ်းပြောလာကြတဲ့ ရိုးရာ ဒဏ္ဍာရီ ပုံပြင်တွေမှာ ရှေးခေတ်က လူတွေရဲ့ ရိုးရှင်းတဲ့ နေထိုင်မှုနဲ့ ဓလေ့စရိုက်တွေ သဘာဝပတ်ဝန်းကျင်နဲ့ တောရွာဒေသ မြင်ကွင်းတွေကို သိနိုင်ပါတယ်။ ဒါ့အပြင် ပုံပြင်တွေကတစ်ဆင့် ဂျပန်ဘာသာစကား အများအပြားကို လေ့လာနိုင်ပါတယ်။ ဂျပန်ဘာသာကို လမ်းညွှန်ပေးမှာကတော့ လွယ်ကူသော ဂျပန်စကား အစီအစဉ်မှာလည်း ဦးဆောင်သင်ကြားပေးနေတဲ့ ဆရာမ Tokunaga Akane ပါ။ ပြီးတော့ အားလုံးနဲ့ အတူ လေ့လာမှာကတော့ သရုပ်ဆောင် မိုရိစာကီဝင်း ဖြစ်ပါတယ်။

photo
ဆရာမ Tokunaga Akane
photo
သရုပ်ဆောင် Morisaki Win
photo
ဘီလူးတွေကို ခွေး၊မျောက်၊ရစ်ငှက်တို့နဲ့အတူ ပူးပေါင်းပြီး နိုင်အောင်တိုက်နိုင်ခဲ့တဲ့ မိုမိုတာရော Kirie ပန်းချီကားကို အသံသရုပ်ဆောင် Yonemaru Ayumi က ဖန်တီးပေးထားပါတယ်။

အစီအစဉ်မိတ်ဆက်