
19မိနစ် 58စက္ကန့်
နိုင်ငံခြားသား ၇ထောင်ကျော် နေထိုင်တဲ့ ဂျပန်က နယ်မြို့လေး Saga မှာ ဂျပန်တွေနဲ့ နိုင်ငံခြားသားတွေ အတူ လက်တွဲနေထိုင်သွားကြဖို့ ကြိုးပမ်းမှုတွေ အမျိုးမျိုး လုပ်ဆောင်နေကြပါတယ်။ Saga Prefecture International Relations Association က ပြုလုပ်တဲ့ "နယ်စည်းမခြား နှလုံးသား" ယဉ်ကျေးမှု ဖလှယ်တဲ့ ဂျပန်ရိုးရာ လက်ရေးလှအနုပညာပြိုင်ပွဲ မှာ တော့ မြန်မာပြည်က ဘုန်းမြင့်မိုရ် လည်း ဆုရရှိခဲ့ပါတယ်။ ဂျပန်မှာရော မြန်မာနိုင်ငံမှာပါ အသားအရောင်၊ ဘာသာစကား၊ လူမျိုး မတူညီလည်း အတူတကွ လက်တွဲနေထိုင်သွားကြဖို့ တစ်ဦး တစ်ယောက်ချင်းစီရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေ ဘယ်လောက် အရေးပါတယ်ဆိုတာကို Radio TOMO မှာ အတူတူ စဉ်းစားကြည့်ကြရအောင်။


