19မိနစ် 58စက္ကန့်

Radio TOMO ကိုရိုနာဗိုင်းရပ်စ်နဲ့အတူနေထိုင်ခြင်း (၁၄)

NHK WORLD-JAPAN သုတဝေဖြာနားဆင်ပါ

ထုတ်လွှင့်သည့်ရက် နိုဝင်ဘာလ 7, 2021 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် နိုဝင်ဘာလ 7, 2022

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးတာကို တိုးမြှင့်လုပ်ဆောင်နေချိန်မှာ ဂျပန်နဲ့နိုင်ငံတကာမှာလည်း ကာကွယ်ဆေးထိုးတာအပြင်၊ ကိုဗစ်ကို ကုသပျောက်ကင်းစေနိုင်တဲ့ ဆေးဝါးတွေကိုလည်း စမ်းသပ်နေကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံက ပုဂ္ဂလိကဆေးရုံမှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူတွေကို ကုသပေးနေတဲ့ ဒေါက်တာ ယမင်းရွှေရည်စိုးက ပြောပြပေးပြီး ကိုဗစ်ကြောင့်ဖြစ်တဲ့ ရောဂါကို ကုသနိုင်တဲ့ဆေးဝါးတွေနဲ့ပတ်သက်ပြီးလည်း သိထားသင့်တဲ့ အကြောင်းအရာတွေကို တင်ဆက်သွားပါမယ်။

photo
ဒေါက်တာ ယမင်းရွှေရည်စိုး

အစီအစဉ်မိတ်ဆက်