
19မိနစ် 58စက္ကန့်
ဒီတစ်ကြိမ် မှာ"ပင့်ကူမျှင်"ဆိုတဲ့ ပုံပြင်လေးကို နားဆင်ပြီး ဂျပန်စကားကို သင်ယူပါမယ်။ ဂျပန်ပုံပြင်တွေမှာ ရှေးခေတ်က လူတွေရဲ့ ရိုးရှင်းတဲ့ နေထိုင်မှုနဲ့ ဓလေ့စရိုက်တွေ သဘာဝပတ်ဝန်းကျင်နဲ့ ဂျပန်နိုင်ငံရဲ့ မြင်ကွင်းတွေကို သိနိုင်ပြီး ပုံပြင်တွေကတစ်ဆင့် ဂျပန်ဘာသာစကား အများအပြားကို လေ့လာနိုင်ပါတယ်။ ဂျပန်ဘာသာကို လမ်းညွှန်ပေးမှာကတော့ လွယ်ကူသော ဂျပန်စကား အစီအစဉ်မှာလည်း ဦးဆောင်သင်ကြားပေးနေတဲ့ ဆရာမ Tokunaga Akane ပါ။ သောတရှင်များအားလုံးနဲ့ အတူ ဂျပန်စာကိုလေ့ကျင့် ပေးမှာကတော့ သရုပ်ဆောင် မိုရိစာကီဝင်း ဖြစ်ပါတယ်။


