
19မိနစ် 58စက္ကန့်
ဂျပန်နဲ့မြန်မာလက်တွဲပြီး မြန်မာကော်ဖီကို ကမ္ဘာကျော်ဖို့ ကြိုးစားနေတဲ့ ပရောဂျက်လေးရှိပါတယ်။ချင်းပြည်နယ် တောင်တန်းတွေပေါ်က Lailenpi ရွာလေးမှာ စိုက်တဲ့ ကော်ဖီကို သောက်ဖူးသူတိုင်း ထပ်သွားဝယ်ချင်စိတ်ကိုဖြစ်စေတယ်လို့ ဆိုပါတယ်။ ဂျပန်အဖွဲ့တစ်ခုကတော့ ဒီရွာလေးမှာ ကော်ဖီပင် ၅သောင်းရှိတဲ့ စိုက်ခင်းပရောဂျက်ကို စတင်လိုက်ပါတယ်။ ဘယ်သူမဆို ဒီရွာလေးရဲ့ မြန်မာကော်ဖီသံတမန် အဖြစ်နဲ့လည်း ဒီပရောဂျက်မှာ ပါဝင်နိုင်ပါတယ်။ မြန်မာနိုင်ငံက တောင်ယာသမားတွေအတွက်လည်း အကျိုးရှိတဲ့ ဒီပရောဂျက်မှာ ဘယ်လို ပါဝင်နိုင်မလဲ? အစီအစဉ်ကို နားဆင်ကြည့်ပါ။



