audio
Radio TOMO
NHK WORLD-JAPAN သုတဝေဖြာနားဆင်ပါ
19မိနစ် 55စက္ကန့်

ထုတ်လွှင့်သည့်ရက် ဒီဇင်ဘာလ 27, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဒီဇင်ဘာလ 27, 2021

ဂျပန်ရှေးဟောင်းပုံပြင်လေးတွေ နားထောင်ပြီး ဂျပန်စာ လေ့လာကြမယ့် “ဒဏ္ဍာရီပုံပြင်ထဲက ဂျပန်စကား” အစီအစဉ်ကနေ “၃နှစ်ကြာအောင်အိပ်တဲ့ နယ်တာရိုး” ပုံပြင်ကို တင်ဆက်ပေးပါမယ်။ ဒီအစီအစဉ်မှာ အဆိုတော် ရုပ်ရှင်မင်းသား မိုရိစာကီဝင်း၊ အသံသရုပ်ဆောင် Ayumi Yonemaru ၊ ပွင့်နဲ့ မေသန်းတို့က တင်ဆက်ထားပါတယ်။ ဂျပန်စာ သင်ပေးမယ့် ဆရာမကတော့ “လွယ်ကူသော ဂျပန်စကား” အစီအစဉ်မှာလည်း ဦးဆောင်သင်ကြားပေးနေတဲ့ Tokunaga Akane ဖြစ်ပါတယ်။ အားပေးနားဆင်ပါနော်။

photo ဂျပန်စာ ဆရာမ Tokunaga Akane (ဝဲ) နဲ့ Morisaki Win (ယာ) photo အသံသရုပ်ဆောင် Ayumi Yonemaru photo အသံသရုပ်ဆောင် Ayumi Yonemaru ဖန်တီးထားတဲ့ နယ်တာရိုး kirie