
ထုတ်လွှင့်သည့်ရက် ဒီဇင်ဘာလ 13, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဒီဇင်ဘာလ 13, 2021
ဒီတစ်ကြိမ်အစီအစဉ်မှာ ဖူကုအိုက မြို့မှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ Culture Show 2020 ပွဲတော်အကြောင်း တင်ဆက်ပေးမှာပါ။ အဲဒီပွဲတော်မှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံက ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။ ပွဲတော်ကို ဖူကုအိုက နိုင်ငံတကာကျောင်းသားများအဖွဲ့ (FOSA) က စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။ အဲဒီပွဲတော်မှာ မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းသားတစ်ဦးက မဟာဂီတ သီချင်းကြီးကို စောင်းနဲ့ သီဆိုပြီး ပါဝင်ဆင်နွှဲခဲ့ပါတယ်။ စောင်းတီးခတ်ပေးသူကတော့ ဂျပန်လူမျိုး ဆရာမဖြစ်ပါတယ်။ ပွဲတော်တွင်း ဖျော်ဖြေမှုတွေနဲ့ စောင်းတီးခတ်ပေးသူ ဆရာမ၊ သီဆိုဖျော်ဖြေခဲ့သူ ကိုညီညီထွန်း၊ သွားရောက်အားပေးကြည့်ရှုခဲ့ကြတဲ့ မြန်မာပရိသတ်တွေကို ပွဲတော်မှာ ပါဝင်ခဲ့တဲ့ အတွေ့အကြုံနဲ့ ခံစားချက်တွေကို မေးမြန်းထားပါတယ်။ အားပေးနားဆင်ပါနော်။


